DVB Logo
Home
နိုင်ငံတကာ
COP 28 အစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များကို ကုလအတွင်းရေးမှူးချုပ်နှင့် UAE သမ္မတတို့ ကြိုဆို
DVB
·
December 2, 2023
COP 28 အစည်းအဝေးသို့ တက်ရောက်လာသည့် ခေါင်းဆောင်များကို ကုလအတွင်းရေးမှူးချုပ်နှင့် UAE သမ္မတတို့ ကြိုဆို
Donate to DVB

အခုနှစ် COP 28 ထိပ်သီးအစည်းအဝေး ပထမနေ့အတွက် ပါဝင်တက်ရောက်တဲ့ နိုင်ငံ့ခေါင်းဆောင် တွေနဲ့ အစိုးရခေါင်းဆောင်တွေဟာ ဒီဇင်ဘာ ၁ ရက်မှာ ပွဲကျင်းပရာ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံ ဒူဘိုင်းမြို့ဆီ ရောက်ရှိခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နဲ့ UAE သမ္မတ  ရှိတ်ခ် မိုဟာမဒ် ဇာယက်ဒ်တို့က ကြိုဆိုခဲ့ကြပါတယ်။ 

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က နိုင်ငံတွေဟာ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပါရီသဘောတူညီချက်ရဲ့ ပန်းတိုင်တွေနဲ့ ဝေးကွာနေတယ်လို့ သတိပေးခဲ့ပြီး ဗြိတိန်ဘုရင် ချားလ်စ်က ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ကမ္ဘာကြီးဟာ ကြောက်စရာ ကောင်း လောက်အောင် ဝေးကွာနေတယ်လို့ ပြောခဲ့ပါတယ်။

“ကျနော်တို့ဟာ ပါရီသဘော တူညီချက်ရဲ့ ပန်းတိုင်တွေကနေ မိုင်ပေါင်းများစွာ ဝေးကွာနေတယ်။ အခုပဲ လုပ်ဆောင်မယ်ဆိုရင် ရာသီဥတု ဖောက်ပြန်မှု အဆိုးဆုံး အခြေအနေကို ရှောင်လွှဲနိုင်မယ့် နည်းပညာတွေ ရှိတယ်”လို့ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။

ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာဒေ ဆီလ်ဗာကလဲ ရာသီဥတု ဆိုင်ရာ ကတိကဝတ်တွေ မပြည့်စုံတာဟာ အစိုးရတွေအပေါ် ယုံကြည်ကိုးစားမှုကို ပျက်ပြားစေတယ်လို့ သောကြာနေ့က သတိပေးခဲ့ပါတယ်။ 

COP28 ထိပ်သီးညီလာခံရဲ့ ဥက္ကဋ္ဌ စူလ်တန် အယ်လ် ဂျာဘာက ကမ္ဘာ့အပူချိန် တိုးနှုန်း ၁ ဒသမ ၅  ဒီဂရီ ပန်းတိုင် ပစ်မှတ်ကို အထိရောက်ဆုံးဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ သောကြာနေ့မှာ ကတိပြု ပြောဆိုပါတယ်။

COP28 ကာလအတွင်း ဥရောပကော်မရှင်ဥက္ကဌ အာဆူလာ ဗွန်ဒါလေယန်က နိုင်ငံ ၂၇ နိုင်ငံ အစုအဖွဲ့ EU ဟာ သူ့ရဲ့ ၂၀၃၀ ရည်မှန်းချက်ကို ကျော်ဖြတ်မယ့် လမ်းကြောင်းပေါ်ရောက်နေပြီလို့ ပြောပါတယ်။

မီသိန်း ဓာတ်ငွေ့ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချဖို့ ဥပဒေတစ်ရပ်ကို ချမှတ်လိုက်ပါပြီ။ ပြီးခဲ့တဲ့ နွေဦးရာသီမှာ အီးယူဟာ  ၂၀၃၀ ခုနှစ်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးမျိုးနဲ့ စွမ်းအင် ထိရောက်မှု နှစ်ဆတိုးဖို့ တောင်းဆိုခဲ့တယ် လို့ ဥရောပကော်မရှင် ဥက္ကဌ က ပြောပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ်တွေ ဆက်ဖြစ်နေလို့ ကမ္ဘာကြီးဟာ ပြင်းထန်တဲ့ စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က သောကြာနေ့မှာ ပြောပါတယ်။ 

ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေး၊ ခံနိုင်ရည်ရှိတဲ့ အစားအစာစနစ်တွေနဲ့ ရာသီဥတုဆိုင်ရာ အရေးယူ ဆောင်ရွက်မှုဆိုင်ရာ UAEရဲ့ ကြေညာချက်ဟာ စိုက်ပျိုးရေးနဲ့ အစားအစာစနစ်တွေအပေါ် ရာသီဥတုဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပိုမိုကောင်းမွန်အောင် ချိန်ညှိရေး နိုင်ငံပေါင်း ၁၃၀ ကျော်ရဲ့ အထင်ကရ ကတိကဝတ်ကို ကိုယ်စားပြုပါတယ်။ 

“ကမ္ဘာတဝန်း လူသန်း ၇၀၀ ဟာ နာတာရှည် အာဟာရချို့တဲ့နေပြီး သူတို့ရဲ့ ထက်ဝက်ခန့် လောက် က စားနပ်ရိက္ခာ မဖူမလုံ ဖြစ်နေတယ်။ ဒီအကျပ်အတည်းက  ပူနွေးတဲ့ရာသီဥတုနဲ့ ပြင်းထန်တဲ့ ရာသီဥတုကြောင့် ပိုဆိုးလာပါတယ်”လို့ ဘလင်ကန်က ပြောခဲ့ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု UAE သမ္မတ ရှိတ်ခ် မိုဟာမဒ် ဇာယဒ် အယ်လ် နာယန်က COP28 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ဆယ်စုနှစ် ကုန်မှာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၅၀ ဘီလီယံကို ဆွဲဆောင်ဖို့ ရည်မှန်းထားပြီး ဒေါ်လာ ၃၀ ဘီလီယံ ကို ရာသီဥတုရန်ပုံငွေ ထူထောင်ကြောင်း သောကြာနေ့မှာ ကြေညာခဲ့ ပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရန်ပုံငွေ အတွက် ပေါင် ၁ ဒသမ ၆ ဘီလီယံ (ဒေါ်လာ ၂ ဘီလီယံ) ကတိပြုပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ရိရှိ ဆူနက်ခ်က ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကမ္ဘာလုံး ဆိုင်ရာ အရေးယူဆောင်ရွက်မှုဟာ အမြန် ရွေ့လျားမနေဘူးလို့ ပြောကြားခဲ့ပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013