DVB Logo
Home
မြန်မာသတင်း
ကျိုက်ကော်တွင် ခြေမြန်တပ်ရင်း တိုက်ခိုက်ခံရ၊ စရဖ သတင်းပေးဆိုသူ ပစ်သတ်ခံရ
DVB
·
December 2, 2023
ကျိုက်ကော်တွင် ခြေမြန်တပ်ရင်း တိုက်ခိုက်ခံရ၊ စရဖ သတင်းပေးဆိုသူ ပစ်သတ်ခံရ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီ(ကျိုက်ကော်)မြို့မှာ စရဖ သတင်းပေးဆိုသူ အမျိုးသားတယောက် ပစ်သတ်ခံရပြီး ခြေမြန်တပ်ရင်းတခုလည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနက် ၉ နာရီလောက်မှာ ကျိုက်ကော်မြို့၊ တိုက်ကောက် ရပ်ကွက်ထိပ်က မုန့်ဟင်းခါး‌ဆိုင်မှာ အသက် ၅၀ အရွယ် ဦးသန်းနိုင်ဟာ မုန်းဟင်းခါးစားပြီးအပြန် အမည်မသိသေနတ်သမား ၂ ယောက်က သေနတ် နဲ့ ၅ ချက် ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရလို့ ဦးသန်းနိုင်ရဲ့ ညာဘက်ရင်အုံကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ဆေးကုသခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။

ကျိုက်ကော် ဒေသခံတယောက်က “မုန့်ဟင်းခါးစားပြီး အထွက်မှာ သေနတ်သမားတွေက ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ ချက်ချင်းမသေပါဘူး။ သိမ်ဆိပ်ဆေးရုံမှာ သေသွားတာ။ သူက သိမ်ဆိပ် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)ရဲ့ သတင်းပေးပါ။ ဘယ်အဖွဲ့ လုပ်သွားတယ်တော့ ကျနော်တို့ သေချာမသိပါဘူး” လို့ ပြောပါတယ်။

ဦးသန်းနိုင်ဟာ စစ်ကောင်စီ‌ထောက်တိုင် စရဖသတင်းပေးဖြစ်တဲ့အတွက် ပစ်ခတ် ရှင်းလင်းခဲ့တာလို့ HRS မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပေမယ့် ဒီဗွီဘီရဲ့ ဆက်သွယ်မှုကိုတော့ ပြန်မဖြေကြားခဲ့ပါဘူး။

ကျိုက်ထိုမြို့မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းက မြောက်ပိုင်းရပ်ကွက် ရာအိမ်မှူး ကျော်မင်းဦးကို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်လုပ်ကြံလို့ သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီလောက်မှာတော့ ကျိုက်ကော်မြို့နယ်၊ ပိန်နဲတော ကျေးရွာ အုပ်စု၊ ဝီယော်ကျေးရွာမှာ သထုံမြို့နယ်အခြေစိုက် ခမရ ၉ နဲ့ KNLA တပ်ရင်း ၁ ဦးစီးတဲ့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ခမရ ၉ ဟာ တပ်မ ၄၄၊ နည်းဗျူဟာ ၄၄၃ လက်အောက်ခံ ခြေမြန်တပ်ရင်းဖြစ်ပြီးတော့ သထုံခရိုင် PDF က ၆၀ မမ နဲ့ လာရောက် ပစ်ခတ်တာလို့ သိရပါတယ်။

ဒေသခံတယောက်က “သထုံ PDF ဘက်က လာပစ်တာပါ။ KNLA တပ်ရင်း ၁ ပါ၊ မပါတော့ မသိဘူး။ ညကဖြစ်တာ။။ စကစ ဘက်ကလည်း ပြန်ပစ်တယ်။ ဒီနေ့ နေ့လယ် ၁ နာရီလောက်ကတော့ စကစဘက်က ကင်းတို၊ ကင်းရှည်ထုတ်ပြီး ရှင်လင်းရေးလုပ်လို့ ရွာအရှေ့ပိုင်း ရာဘာတောထဲမှာ နာရီဝက်ကျော် ထိတွေ့မှု ဖြစ်သေးတယ်” လို့ ပြောပါတယ်။

ခမရ ၉ နဲ့ သထုံခရိုင် PDF တို့ ထိတွေ့ပစ်ခတ်မှုကြောင့် ဝီယော်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံတွေ ရာဘာခြံဘက်ကို မသွားရဲတော့ဘူးလို့လည်း သိရပါတယ်။

ဒေသခံတယောက်က “အဓိက ခမရ ၉ ကိုပဲ ဦးတည်ပြီး ပစ်တာလို့ပြောလို့ရတယ်။ ရွာထဲကို ကျည်အသေးတောင်မဝင်ဘူး။ ရွာသားလည်း ထိခိုက်တာမရှိဘူး။ ရာဘာခြံကလည်း ဖွင့်တာ ရက်ပိုင်းပဲရှိသေးတယ်လေ။ ဒါပေမဲ့ အလုပ်လုပ်ဖို့တော့ ရာဘာခြံထဲ မသွားရဲတော့ဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ သထုံပကဖဘက်က အကျအဆုံးမရှိသလို ခမရ ၉ ဘက်က ထိခိုက်မှုကိုလည်း အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ခင်ကလဲ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခမရ ၉ ရဲ့ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာမျိုးတွေအပြင် တခြားပူးပေါင်းတပ်ဖွဲ့တွေနဲ့ သွားရောက် ပစ်ခတ်တာတွေလည်း ရှိတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013