DVB Logo
Home
အားကစား
မက်ဆီ-ဆွာရက်ဇ် တိုက်စစ်အတွဲကို အင်တာမိုင်ယာမီတွင် ပြန်တွေ့ရမည်
DVB
·
December 2, 2023
မက်ဆီ-ဆွာရက်ဇ် တိုက်စစ်အတွဲကို အင်တာမိုင်ယာမီတွင် ပြန်တွေ့ရမည်
Donate to DVB

မက်ဆီ-ဆွာရက်ဇ် တိုက်စစ်အတွဲအဖက်ကို မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ ပြန်လည် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူး လက်ရှိအချိန်မှာ ဘရာဇီးကလပ် ဂရီမီယိုအသင်းမှာ ကစားနေတာပါ။ ဆွာရက်ဇ်ဟာ ဂရီမီယိုနဲ့ နောက်ဆုံးပွဲစဉ်ကစားအပြီးမှာ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး ဝမ်းနည်းစရာ သတင်းဖြစ်ကြောင်း ဂရီမီယိုနည်းပြ ဂါချိုက အတည်ပြုထားတာပါ။

ဆွာရက်ဇ်ကို အင်တာမိုင်ယာမီအသင်းက ခေါ်ယူဖို့ ဆွေးနွေးခဲ့ဖူးပြီး လာမယ့် ၂၀၂၄ အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲ မစတင်ခင်မှာ ခေါ်ယူသွားဖို့ရှိပါတယ်။

အင်တာမိုင်ယာမီအသင်းမှာ တချိန်က ဘာစီလိုနာတိုက်စစ် အသင်းဖော်တွေဖြစ်တဲ့ ဆွာရက်ဇ်နဲ့ မက်ဆီ အတွဲကို မြင်တွေ့ရဖို့ရှိသလို ဘူးစကွက်စ်၊ ယော်ဒီအယ်လ်ဘာတို့နဲ့လည်း ပြန်လည်တွေ့ဆုံမှာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013