DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တလတာအတွင်း ပြည်သူ ၁၄၀ ခန့်သေဆုံး
DVB
·
November 30, 2023
စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တလတာအတွင်း ပြည်သူ ၁၄၀ ခန့်သေဆုံး
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၂၀၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၄၈၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၇၀၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၈,၂၁၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၂၀ ယောက်ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၃ ယောက် အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၅,၇၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ မှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်ကနေ ဒီကနေ့အထိ တလတာအတွင်း နိုင်ငံတဝန်း အကြမ်းဖက် စစ်အုပ်စုကြောင့် အမျိုးသမီး ၅၃ ယောက်နဲ့ အမျိုးသား ၈၆ ယောက်၊ စုစုပေါင်း ၁၃၉ ယောက် သေဆုံးခဲ့ပြီး ရှမ်းပြည်နယ်မှာ ၂၄ ယောက်နဲ့ သေဆုံးမှုအများဆုံးဖြစ်ကာ အဲဒီထဲမှာ စစ်အုပ်စု လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၇၁ ယောက်နဲ့ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တလတာအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး ၂၃ ယောက်နဲ့ အမျိုးသား ၂၇ ယောက်၊ စုစုပေါင်း အယောက် ၅၀ ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မန္တလေးတိုင်းမှာ ၁၁ ယောက်နဲ့ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေကနေ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံရပြီး အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရဆဲ အမျိုးသမီး ၈ ယောက်နဲ့ အမျိုးသား ၃၅ ယောက်၊ စုစုပေါင်း ၄၃ ယောက် ရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အယောက် ၄၀ နဲ့ အများဆုံး ထောင်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013