DVB Logo
Home
အားကစား
ရည်းစားဟောင်းနှင့် လိင်ဆက်ဆံသည့်ဗီဒီယိုဖြန့်ခဲ့သူ ဟွမ်ကို တောင်ကိုရီးယားအသင်း ပွဲပယ်
DVB
·
November 30, 2023
ရည်းစားဟောင်းနှင့် လိင်ဆက်ဆံသည့်ဗီဒီယိုဖြန့်ခဲ့သူ ဟွမ်ကို တောင်ကိုရီးယားအသင်း ပွဲပယ်
Donate to DVB

ရည်းစားဟောင်းနဲ့ လိင်ဆက်ဆံတဲ့ ဗီဒီယိုဖြန့်ခဲ့သူ ဟွမ်ရွယ်ဂျိုကို တောင်ကိုရီးယားအသင်းက ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်ဖောရက်စ်ကနေ ချန်ပီယံရှစ်ကလပ် နောဝှစ်ချ်အသင်းဆီ အငှားသွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ဟွမ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေချိန်မှာ ကိုရီးယားဘက်က လက်ရွေးစင်နဲ့ ပူးပေါင်းခွင့် ပိတ်ပင်ခဲ့တာပါ။

အသက် ၃၁ နှစ်ရှိ တိုက်စစ်မှူးဟာ ရည်းစားဟောင်းဖြစ်သူနဲ့ လိင်ဆက်ဆံတဲ့ဗီဒီယိုကို ဆိုရှယ်မီဒီယာမှာ ဖြန့်ခဲ့ကြောင်း စွပ်စွဲခံထားရတာပါ။

စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာ ဟွမ်ကို လက်ရွေးစင်မှာ ရွေးချယ်တော့မှာမဟုတ်ဘဲ အမှုကိစ္စ ရှင်းလင်းပြီးမှသာ ပြန်လည်ရွေးချယ်မယ်လို့ ကိုရီးယားဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

နောဝှစ်ချ်အသင်းဘက်ကလည်း အခြေအနေကို စောင့်ကြည့်နေပြီး ပြစ်မှုထင်ရှားမယ်ဆိုရင် ပွဲကစားခွင့် ပိတ်ပင်သွားဖို့ ရှိပါတယ်။

ပြင်သစ်ကလပ် ဘော်ဒိုးကနေ ပြောင်းရွှေ့လာသူ ဟွမ်ဟာ ၂၀၁၅ ခုနှစ်ကစတင်ကာ ကိုရီးယားလက်ရွေးစင်ဖြစ်ခဲ့ပြီး ပွဲပေါင်း ၆၂  ပွဲ ကစားခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013