DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်သစ်သီးခြံတွင်း ဓာတုဆေးပေါက်ကွဲ မြန်မာလုပ်သား ၂ ဦးအပါအဝင် ၃ ဦးသေဆုံး
DVB
·
November 30, 2023
ချင်းမိုင်သစ်သီးခြံတွင်း ဓာတုဆေးပေါက်ကွဲ မြန်မာလုပ်သား ၂ ဦးအပါအဝင် ၃ ဦးသေဆုံး
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဖရော့ဝ်မြို့နယ်ထဲမှာ နိုဝင်ဘာ ၂၈ ညနေပိုင်းက လမ်းယိုင်းသစ်သီးခြံတစ်ခုတွင်း ဓာတုဆေးပေါက်ကွဲမှုဖြစ်ပြီး အိမ် ၁ လုံး ကား ၂ စီး မီးလောင်ကာ အဲဒီမှာအလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၂ ဦး အပါအဝင် ၃ ဦး သေဆုံး သွားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ 

နိုဝင်ဘာ ၂၈ ရက် ညနေ ၄ နာရီကျော်က ဖရောဝ့်မြို့နယ် မယ့်ဝိုင်းကျေးရွာအုပ်စု ဘန့်ဆိုင်းငမ်းရွာထဲမှာ ပေါက်ကွဲမှုဖြစ်ကြောင်း အကြောင်းကြားချက်ရတဲ့အတွက် မီးသတ်ကား၊ လူနာတင်ယာဉ်တွေနဲ့အတူ သွားရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့  ဖရောဝ့်မြို့နယ် ရဲတပ်ဖွဲ့ တာဝ န်ရှိသူက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ လမ်းယိုင်းပင်တွေစိုက်ထားတဲ့ ခြံတစ်ခုထဲမှာဖြစ်ပြီး နေအိမ် ၁ လုံးနဲ့ကား ၂ စီးမီးလောင်နေတာဖြစ်ပြီး တာဝန်ရှိသူတွေရောက်သွားတော့ နေအိမ်တစ်ခုလုံးမီးထဲပါသွားကာ တိုင်နဲ့တုတ်တန်းတွေဘဲ ကျန်တော့ကြောင်း၊  အမျိုးသမီး ၂ ဦးပွဲချင်းပြီး သေဆုံးပြီး သူတို့ရဲ့ ခန္ဓာကိုယ်ဟာလည်း တစစီဖြစ်သွားကာ သစ်ပင်ပေါ်မှာရော မြေကြီးပေါ်မှာပါ လွင့်စင်ပြန့်ကြဲနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာရထားတဲ့ အမျိုးသား ၁ ဦးရှိပြီး သူ့ကိုအမြန်ဆုံးဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။  အဆိုပါ အမျိုးသားဟာ ဆေးရုံရောက်ပြီး ညပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူ ၃ ဦးကတော့   နန်းဆောင်နာ့ချ်ယားဆုနန်တ ( ခြံပိုင်ရှင်ညီမ )၊ မြန်မာအလုပ်သမား  နန်းလိုင် ( ၃၃ နှစ် ) နဲ့ စိုင်းအောင် ( ၃၄ နှစ် )တို့ ဖြစ်ကြပါတယ်။ 

သူတို့တွေဟာ လမ်းယိုင်းသီးအထွက်တိုးအောင် ဆေးဖျန်းဖို့အတွက် အလေးချိန် ၂၅ ကီလိုဂရမ်ပါ  ပိုတက်ဆီယမ်ကလိုရိုက် ဓာတုဆေးအိတ်နဲ့ အလေးချိန် ၅၀ ကီလိုဂရမ်ပါ ဓာတုဆေးအိတ်တမျိုးတို့ကို ရောပြီးသွန်ချလိုက်တဲ့အချိန် ပေါက်ကွဲမှုဖြစ်သွားတာလို့  ဆိုပါတယ်။ 

အခင်းဖြစ်ချိန်မှာ ခြံပိုင်ရှင်ရှိမနေကြောင်း၊ ရဲစခန်းက သူ့ကိုခေါ်ယူစစ်ဆေးရာမှာတော့ အဲဒီဓာတုဆေးတွေဟာ သစ်သီးပင်ဖျန်းရာမှာအသုံးပြုပြီး နည်းနည်းချင်းစီပေါင်းစပ် အသုံးပြုရမှာဖြစ်ပေမဲ့ အလုပ်သမားတွေက ရောက်လာတာ မကြာသေးတော့ မှားယွင်းဖော်စပ်မိတာဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ အဆိုပါခြံပိုင်ရှင်ကို ခွင့်ပြုချက်မရဘဲ အန္တရာယ်ရှိဓာတုဆေးတွေ သိုလှောင်မှု၊  တပါးသူထိခိုက်သေဆုံးစေတဲ့ လုပ်ငန်းခွင်ပေါ့ဆမှု၊ တရားမဝင်အလုပ်သမားငှါး ရမ်းခန့်ထားမှု စတဲ့ ပြစ်မှု ၃ ခုနဲ့ အရေးယူသွားဖို့ရှိနေပါတယ်။ 

Source - Chiang mai News / Amarin TV / Thai PBS 

Photo- Chiang mai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013