DVB Logo
Home
နိုင်ငံတကာ
တောင်အာဖရိကတွင် မိုင်းတွင်းမတော်တဆဖြစ်ပြီး လုပ်သား ၁၁ ဦးသေဆုံး
DVB
·
November 30, 2023
တောင်အာဖရိကတွင် မိုင်းတွင်းမတော်တဆဖြစ်ပြီး လုပ်သား ၁၁ ဦးသေဆုံး
Donate to DVB

တောင်အာဖရိကနိုင်ငံက အင်ပါလာ ပလက်တီနိုမန် ကုမ္ပဏီရဲ့ ရက်စ်တန်ဘာ့ဂ် သတ္တုတွင်း လုပ်ငန်းစုမှာ လုပ်သား ၁၁ ဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရရှိခဲ့လို့ ကုမ္ပဏီရဲ့သမိုင်းမှာ “အမှောင်ဆုံးနေ့” ဖြစ်တယ်လို့ အမှုဆောင်အရာရှိချုပ်က နိုဝင်ဘာ ၂၈ ရက်မှာ ပြောလိုက်ပြီး လုပ်ငန်းတွေကိုလည်း ယာယီရပ်ဆိုင်းခဲ့ပါတယ်။

အလုပ်သမားတွေ သူတို့ရဲ့ အလုပ်ချိန်ပြီးချိန်မှာ မြေပေါ်ကို ပြန်သယ်နေတုန်း သူတို့တွေကို မြေအောက် ပေ ၃,၃၀၀ လောက်မှာ အတင်အချလုပ်တဲ့ သယ်ယူပို့ဆောင်တဲ့စနစ်က ရုတ်တရက် အရှိန်နဲ့ ပြုတ်ကျခဲ့တာလို့ အင်ပါလာက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

ပလက်တီနမ်မိုင်းတွင်း အမှတ် ၁၁ တွင်းတူးစင် မတော်တဆဖြစ်ချိန်မှာ အလုပ်သမား ၈၆ ဦး ပါဝင်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဒဏ်ရာရသူတွေကို ဒေသတွင်း ဆေးရုံလေးရုံဆီ တင်ပို့ထားပြီး ဆေးဘက်ဆိုင်ရာ သမားတော်တွေက ဆေးရုံက အလုပ်သမား ၁၄ ဦးကို ဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သယ်ယူပို့ဆောင်ရေးစနစ်ကို မသုံးခင်က စမ်းသပ်ခဲ့ပြီးသားဖြစ်ပြီး ပင်မစနစ်တွေက တင်းပြည့်ကျပ်ပြည့် အလုပ်လုပ်နိုင်ပြီး လည်ပတ်နိုင်တဲ့အဆင့်မှာ ရှိကြောင်း ပြခဲ့တယ်လို့  CEO နီကိုမူလာက မီဒီယာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။

တောင်အာဖရိက အနောက်မြောက်ပိုင်း ပြည်နယ်က ရပ်စ်တန်ဘာ့ဂ်မှာ သတ္တုတူးဖော်ရေး လုပ်ငန်းအားလုံးကို အင်္ဂါနေ့က ရပ်ဆိုင်းခဲ့တာပါ။

မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေး နေပါတယ်။ ဒီဖြစ်ရပ်အပြီး ဂျိုဟန်နက်စ်ဘတ်မြို့မှာ အင်ပါလာရဲ့ ရှယ်ယာတွေ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

တောင်အာဖရိကမှာ ကမ္ဘာ့အနက်ရှိုင်းဆုံး၊ ရှေးအကျဆုံးနဲ့ စျေးအကြီးဆုံး ပလက်တီနမ်နဲ့ ရွှေတူးဖော်တဲ့တွင်းတွေ ရှိနေပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013