DVB Logo
Home
မြန်မာသတင်း
RCSS နှင့် SSPP ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အပစ်ခတ်ရပ်စဲကြောင်း ကြေညာ
DVB
·
November 29, 2023
RCSS နှင့် SSPP ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အပစ်ခတ်ရပ်စဲကြောင်း ကြေညာ
Donate to DVB

နယ်မြေစိုးမိုးရေးအငြင်းပွါးမှုကြောင့် ပစ်ခတ်ခဲ့ကြတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့  ၂  ဖွဲ့ဖြစ်တဲ့ ရှမ်း ပြည်တိုးတက်ရေးပါတီ /ရှမ်းပြည်တပ်မတော် SSPP/SSA  နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ / ရှမ်းပြည်တပ်မတော် RCSS/SSA တို့ဟာ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ အပစ်ခတ်ရပ်စဲလိုက်ကြောင်း ပူးတွဲထုတ်ပြန် ကြေညာပါတယ်။

ရှမ်းသံဃာတော်တွေနဲ့ မိဘပြည်သူတွေဟာ အဆိုပါရှမ်းစစ်တပ် ၂ ဖွဲ့ စည်းလုံးညီညွတ်ဖို့အတွက် နှစ်ရှည်လများ တစိုက်မတ်မတ်တောင်းဆိုလာခဲ့ကြတာကြောင့် အဖွဲ့ နှစ်ဖွဲ့စလုံးက ခေါင်းဆောင်တွေဟာ ဒီနှစ် ဩဂုတ်လထဲမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တပ်ဖွဲ့ဝင်တွေ အကြား ပစ်ခတ်မှုတွေရပ်တံ့ဖို့နဲ့ လူမှုကွန်ရက်ပေါ်ကနေ အမျိုးသားရေးစည်းလုံး ညီညွတ်မှုကို ထိခိုက်စေမယ့်   ဝေဖန်ပုတ်ခတ်ပြောဆိုမှုတွေ ရှောင်ကြည်ဖို့  မိမိတပ်ဖွဲ့ဝင်တွေကို ညွှန်ကြား ခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်းမှာ  SSPP/SSA  ဘက်က ကိုယ်စားလှယ် ၃ ဦးနဲ့ RCSS/SSA ဘက်က ကိုယ်စားလှယ် ၄ ဦးတို့ ဆက်လက်ဆွေးနွေးခဲ့ကြပြီး ဒီကနေ့ မှာတော့ အပစ်ခတ်ရပ်စဲကြောင်း တရားဝင်ထုတ်ပြန်ကြေညာကာ အများပြည်သူတွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။ 

SSPP/SSA တပ်ဖွဲ့ဟာ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ ကြင်ယာတော် စဝ်နန်းဟိန်းခမ်းဦး ဆောင်မှုနဲ့ ၁၉၆၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး  လက်ရှိခေါင်းဆောင်မှာ ဗိုလ်ချုပ်ပန်ဖ ဖြစ်ပါ တယ်။

RCSS/SSA ကတော့ MTA ခေါင်းဆောင် ခွန်ဆာ လက်နက်ချ အလင်းဝင်သွားပေမဲ့ လိုက်မသွားဘဲ ဆက်လက်လက်နက်ကိုင်ဆောင်တိုက်ပွဲဝင်ပြီး ၂၀၀၀ ပြည့်နှစ်မှာ  နိုင်ငံရေးဦး ဆောင်မှုကောင်စီ RCSS ကို တည်ထောင်ခဲ့ပါတယ်။ လက်ရှိခေါင်းဆောင်မှာ ဗိုလ်ချုပ်ကြီး ရွက်စစ် ဖြစ်ပါတယ်။ 

SSPP/SSA ကို ရှမ်းပြည်တပ်မတော်မြောက်ပိုင်း / RCSS/SSA ကို ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖြစ် လူသိများခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ နှစ်ဖွဲ့ပူးပေါင်းကြောင်း ထုတ်ပြန်ခဲ့ဖူးပေမဲ့  မြေပြင်လှုပ်ရှားမှုတွေမှာ အဆင်မပြေမှုတွေရှိခဲ့ပြီး တဘက်နဲ့တဘက် ပစ်ခတ်တိုက်ခိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ 

RCSS/SSA  တပ်ဖွဲ့ဟာ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားပြီး လက်ရှိ စစ်ကောင်စီနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။  SSPP/SSA ကတော့  အန်စီအေ စာချုပ်မှာ ပါဝင် လက်မှတ်ထိုးခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013