DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် စစ်တပ်ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦး သေဆုံး
DVB
·
November 29, 2023
အမ်းမြို့နယ်တွင် စစ်တပ်ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ နိုဝင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိပြီး ကလေးငယ်တယောက် သေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမ်းမြို့နယ်၊ ပိတောက်ချောင်ရွာနားမှာ မနေ့ မွန်းတည့် ၁၂ နာရီလောက်က ဟင်းသီးဟင်းရွက် ရှာဖွေတဲ့ သားအမိ နှစ်ယောက်ဟာ စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်းကို နင်းမိပြီး သားဖြစ်သူသေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တောင်မြို့ ဒေသခံတယောက်က ပြောပါတယ်။

သေဆုံးသူမှာ လုံးရွာက အသက် ၁၂ နှစ်အရွယ် မောင်ဇွဲနိုင်ထွန်း ဖြစ်ပြီး တပ်တောင်တိုက်နယ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေစဥ် သေဆုံးခဲ့ကာ မိခင်ဖြစ်သူ အသက် ၃၂ နှစ်အရွယ် ဒေါ်သူဇာကတော့ ဒဏ်ရာရရှိခဲ့လို့ ဆေးကုသမှု ခံယူနေရပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲပြီး ဒေသခံပြည်သူ ၇၁ ယောက် သေဆုံးကာ ၁၄၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ စက်တင်ဘာ ၁၉ ရက်ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

မိုင်းအန္တရာယ်နဲ့ပတ်သက်လို့ အရင်ကလည်း ပြည်သူလူထုကို အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အရင်က သူတို့ စခန်းချတပ်စွဲနေထိုင်ခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေကို ထောင်ထားခဲ့သလို စည်းမဲ့ကမ်းမဲ့ စွန့်လွှတ်မိုင်းတွေကြောင့် ​ရခိုင်ပြည်နယ်မှာသာမက မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း မြေမြှုပ်မိုင်းဒဏ်ကို ပြည်သူတွေ ဆိုးဆိုးရွားရွား ခံစားနေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013