DVB Logo
Home
မြန်မာသတင်း
မူဆယ်နယ်စပ် ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာသန်း ၁၅၀ ကျော် လျော့ကျ
DVB
·
November 28, 2023
မူဆယ်နယ်စပ် ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာသန်း ၁၅၀ ကျော် လျော့ကျ
Donate to DVB

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ အခုဘဏ္ဍာနှစ် ၇ လကျော်အတွင်း ပို့ကုန်တင်ပို့မှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာသန်း ၁၅၀ ကျော် လျော့နည်း နေတယ်လို့  စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

အခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ နိုဝင်ဘာလ ၁၇ ရက်အထိ မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန် ကနေ ပို့ကုန်တင်ပို့မူဟာ အမေရိကန် ဒေါ်လာ  ၁၁၁၅ သန်းကျော်ရှိပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူမှာ ပို့ကုန် အမေရိကန် ဒေါ်လာ သန်း ၁၂၆၈ သန်းကျော် တင်ပို့ထားတယ်လို့ စာရင်းမှာ ဖော်ပြထားပါတယ်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏမှာ အဓိကအရေးပါတဲ့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်ပြီး ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းက ဒုတိယအကြီးဆုံး ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ပါတယ်။

လက်ရှိမှာအဲဒီကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုကနေ ကုန်သွယ်မှုဟာ တိုက်ပွဲတွေကြောင့် ရပ်ဆိုင်းနေပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက  "အဓိက လမ်းကြောင်းတွေ ပိတ်နေတော့ ဆန်၊ ဆန်ကွဲရော တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးကနေ သွားနေတဲ့ဟာတွေက လျော့သွားမှာပဲ"လို့  ပြောပါတယ်။

တရုတ်နိုင်ငံကို ကုန်သွယ်ရေးလမ်းကြောင်းအသစ်ဖြစ်တဲ့ မိုင်းလားနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက‌နေ ပြောင်းလဲတင်ပို့နေပေမယ့် ကုန်သွယ်ရေး လမ်းကြောင်း ရှည်တဲ့အတွက် အချိန်ကြန့်ကြာတာ၊ ကုန်စည်ပို့ဆောင်စရိတ် ပိုမိုကုန်ကျတာ၊ ကုန်စိမ်းသီးနှံ‌တွေ ဖြစ်ပါက အရည်အသွေးကျဆင်းပြီး ဈေးမရတာစတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

မြန်မာ၊ တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ  ဆန်၊ ပဲ၊ ပြောင်း အပါအဝင် လယ်ယာ စိုက်ပျိုးရေး ထွက်ကုန်တွေ၊ သစ်သီးဝလံ‌တွေနဲ့ ရေထွက်ကုန်တွေကို အဓိက တင်ပို့နေပြီး ယာဉ်ယန္တရားတွေ အိမ်‌ဆောက်ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံကနေ ပြန်တင်သွင်းနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ နိုဝင်ဘာ တတိယပတ်အထိ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဟာ  အမေရိကန်ဒေါ်လာ ၂၃၅၂ ဒသမ ၄၁၁သန်း ရှိပါတယ်။

အဲဒီအထဲမှာ ၆၅ ရာခိုင်နှုန်းက မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်က ဖြစ်ပြီး၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းက ၃၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ အဲဒီကုန်သွယ်ရေး စခန်းနှစ်ခုကနေ ကုန်သွယ်မှုဟာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ညီ‌နောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်က မူဆယ်၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ကျင်စန်းကျော့နယ်စပ်ဂိတ်မှာ ရပ်နားထားတဲ့ ကုန်ကား အစီးရေ ၁၀၀ ကျော် မီးလောင်ကျွမ်းပြီး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013