DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် သယံဇာတထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးဟု ကုလကျွမ်းကျင်သူ ပြော 
DVB
·
November 28, 2023
မြန်မာတွင် သယံဇာတထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးဟု ကုလကျွမ်းကျင်သူ ပြော 
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းက မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်စေရုံသာမကပဲ သယံဇာတထုတ်ယူမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးစေကာ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကိုလည်း တိုးမြင့်လာစေတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ယူအေအီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဉတုဆိုင်ရာ ထိပ်သီးညီလာခံ COP28 အစမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်နဲ့ ဘေးကင်းလုံခြုံသန့်ရှင်းကျန်းမာပြီး ရေရှည်တည်တံ့တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခံစားနိုင်ရေးဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေးဗစ်ဘွိုက်ဒ်တို့က ခုလိုပြောလိုက်တာပါ။

“ရာသီဥတုဒဏ်ကို လျော့ပါးသက်သာစေဖို့ ရပ်ရွာလူမှုအဖွဲ့အစည်းတွေကို ပံ့ပိုးကူညီ ပေးခြင်းအားဖြင့် ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာနိုင်ငံက အကျပ်အတည်းကို အဆုံး သတ်ဖို့ ကူညီနိုင်ရေးဟာ အလွန်တရာ အရေးကြီးပါတယ်။”

ဒါ့အပြင် မြန်မာစစ်အာဏာရှင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ရန်ပုံငွေအဖြစ် သစ်၊ ကျောက်စိမ်းနဲ့ မြေရှားသတ္တုအပါအဝင် မြန်မာ့သဘာဝသယံဇာတတွေကို အရှိန်အဟုန်မြှင့် အသုံးချနေတယ်လို့ဆိုပါတယ်။

မကြာခဏဆိုသလို စစ်တပ်၊ ဒါမှမဟုတ် တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း စည်းကြပ်မှုမရှိဘဲ တိုးပွားလာနေတဲ့ သယံဇာတထုတ်ယူမှုဟာ သဘာဝပတ်ဝန်းကျင်ကို ယိုယွင်းပျက်စီးစေကာ ရေအရင်း အမြစ်တွေကို ညစ်ညမ်းစေတာ၊ သစ်တောတွေကို ပျက်စီးစေတာအပြင် ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ အန္တရာယ်တွေကို ပိုမိုဆိုးရွားလာစေတယ်လို့လည်း ပြောပါတယ်။

“ပဋိပက္ခနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ သက်ရောက်မှုတွေက မြန်မာနိုင်ငံထဲက သန်း ပေါင်းများစွာသော ပြည်သူတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ လုံခြုံရေးကို ခြိမ်း ခြောက်နေပြီး အထူးသဖြင့် သဘာဝကို မှီခိုနေရတဲ့ ဌာနေတိုင်းရင်းသားတွေဖြစ်ကာ သူတို့ဟာ ရာစုနှစ်နဲ့ချီပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သူတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။”

သဘာဝသယံဇာတ ပေါကြွယ်ဝပြီး ဇီဝမျိုးစုံမျိုးကွဲ ဂေဟစနစ်တွေ တည်ရှိရာ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှု နောက်ပိုင်း ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို အခံရဆုံးသော နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်လာနေခဲ့တယ်လို့လည်း ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလိုလားသူတွေနဲ့ အတိုက်အခံအဖွဲ့အစည်းတချို့ဟာ ရာသီဥတုနဲ့ သဘာဝအရင်းအမြစ်ဆိုင်ရာ မူဝါဒတွေကို တက်ကြွစွာ ဖော်ဆောင်နေပြီး ရဲရင့်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များစွာဟာ မြန်မာ့သစ်တော၊ တောရိုင်း တိရစ္ဆာန်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ဆက်လက်ကာကွယ်နေကြပြီး အဲဒီလို ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးရပါမယ်။” 

မြန်မာနိုင်ငံအနေနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ လျင်မြန်စွာ ချဉ်းကပ်လာနေတဲ့ ဆိုးရွားတဲ့ သက်ရောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်ထားခြင်း မရှိပဲ ပြီးခဲ့တဲ့ မေလတုန်းက မြန်မာနိုင်ငံဆီဝင်ရောက်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ဒေသတွေဆီ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို စစ်အုပ်စုက ဟန့်တားတာတွေက ရာသီဥတု ပြောင်းလဲမှုနဲ့အတူ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကမ္ဘာ့နိုင်ငံတွေက ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သတိပေးချက်ဖြစ်တယ်လို့လည်း ပညာရှင်တွေက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရာသီဥတု ဘေးအန္တရာယ်တွေ ပိုများလာပြီး ပိုဆိုးလာမယ်။ ကမ္ဘာ့ ခေါင်းဆောင်တွေအနေနဲ့ နောက်တကြိမ် မုန်တိုင်းလာမယ့်အချိန်ကို စောင့်ပြီး သေဆုံးပျက်စီးမှ ငိုကြွေးမြည်တမ်းကြမယ့်အစား အထိခိုက်လွယ်ဆုံးသူတွေကို အရေးပေါ် ကူညီထောက်ပံ့ဖို့ ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်နေပါပြီ”

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013