DVB Logo
Home
မြန်မာသတင်း
ငပလီကမ်းခြေရှိ ထူးကုမ္ပဏီအုပ်စုပိုင် ဟိုတယ်မီးလောင်
DVB
·
November 27, 2023
ငပလီကမ်းခြေရှိ ထူးကုမ္ပဏီအုပ်စုပိုင် ဟိုတယ်မီးလောင်
Donate to DVB

ရခိုင်ပြည်နယ်၊ ငပလီမြို့၊ မြပြင်ရပ်ကွက်မှာရှိတဲ့ Aureum Palace ဟိုတယ်မှာ ည ၇ နာရီလောက်က မီးလောင်ခဲ့တာကြောင့် တည်းခိုဆောင်တချို့ ဆုံးရှုံးတယ်လို့ သိရပါတယ်။

ဟိုတယ်ဝန်ထမ်းတယောက်က " နှစ်ဆောင် သုံးဆောင်လောက်ပါသွားတယ်။ စတိုခန်းဘက်က ဝါယာရှော့ဖြစ်တယ်လို့လည်း ပြောကြတယ်။ ဘယ်လိုဖြစ်တယ်တော့ အတိအကျမ သိသေးပါဘူး။ ခုတော့ မီးငြိမ်းသွားပါပြီ။ တခြားအဆောင်တွေကို မီးမကူးအောင် ခေါင်မိုးတွေ ဖျက်လိုက်ရတယ်" လို့ ပြောပါတယ်။

ငပလီနဲ့သံတွဲ မီးသတ်စခန်းတို့က မီးသတ်ကား ၅ စီး၊ ၆ စီးလောက်နဲ့ လာငြှိမ်းသတ်ပြီး ၈ နာရီဝန်းကျင်လောက်မှာ မီးငြိမ်းသွားတယ်လို့လည်း သိရပါတယ်။

အဲဒီနေရာဟာ အရင်က လူရည်ချွန်စခန်းဖြစ်ပြီး ခရိုနီတယောက်ဖြစ်တဲ့ ဦးတေဇရဲ့ ထူးကုမ္ပဏီ အုပ်စုက ဟိုတယ်ဆောက်လုပ်ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ - ဒေသခံများ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013