DVB Logo
Home
မြန်မာသတင်း
ပလမြို့တွင် အမျိုးသား ၁ ဦးကို PDF ဖမ်းဆီး
DVB
·
November 27, 2023
ပလမြို့တွင် အမျိုးသား ၁ ဦးကို PDF ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့မှာ  ဒေသခံအမျိုးသားတယောက်ကို ဖမ်းဆီးခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းမှာ ဦးဟင်အေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပလမြို့၊ အမှတ် ၃ ရပ်ကွက်မှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက “စစ်ကောင်စီကို သတင်းပေးနေတယ်ဆိုတာ သံသယရှိလို့ သွားရောက်ဖမ်းဆီးတာပါ။ လက်ရှိက စစ်ဆေးနေဆဲပါ။ အပြစ်မရှိဘူးဆိုရင်တော့ ပြန်လွှတ်ပေးမှာပါ” လို့ ပြောပါတယ်။

ဦးဟင်အေးကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီဘက်က ပလမြို့ရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရကာ ၁ ဦးမှာ စိုးရိမ်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေလို့ အိမ်အောက်ဝင်နေနေရတာ။ ဦးဟင်အေးကို ဖမ်းတယ်ဆို နောက်မှသိရတာ။ လက်နက်ကြီးပစ်တာကြောင့် ဒေသခံတွေနဲ့ နေအိမ်တွေ ထိခိုက်တာရှိတယ်။ ထိခိုက်သူတွေထဲမှာ အသက် ၇၀ အရွယ် အမျိုးသမီးလည်းပါတယ်။ လက်ရှိမှာတော့ ဆေးကုသမှု ခံနေရတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ လှုပ်ရှားမှုရှိရင် လက်နက်ကြီးနဲ့ပစ်တာက ထုံးစံလို ဖြစ်နေပြီ။ အခုဖြစ်စဉ်မှာလည်း ကျနော်တို့ဘက်က သွားဖမ်းတဲ့အချိန် မြို့ထဲဝင်လို့ ပစ်ကြတယ်” လို့ မြိတ်ခရိုင် တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013