DVB Logo
Home
မြန်မာသတင်း
ဖလမ်းတွင် စစ်တပ်လက်နက်ကြီးထိမှန်ပြီး ၁၀၅ နှစ်အရွယ် အဘွားအို သေဆုံး
DVB
·
November 27, 2023
ဖလမ်းတွင် စစ်တပ်လက်နက်ကြီးထိမှန်ပြီး ၁၀၅ နှစ်အရွယ် အဘွားအို သေဆုံး
Donate to DVB

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ စီဇာမွာလ်ကျေးရွာမှာ လူနေအိမ်ထဲ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၀၅ နှစ်အရွယ် အဘွားအို သေဆုံးပြီး သမီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနက် ၂ နာရီမှာ စီဇာမွာလ်ကျေးရွာထဲက လူနေအိမ်ရဲ့ အိမ်ရှေ့ဝရန်တာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် အသက် ၁၀၅ နှစ်အရွယ် အဘွား ရမ်းတလွန် ခြေထောက်ထိမှန် ဒဏ်ရာရရှိပြီး နှလုံးဖောက် သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဘွား ရမ်းတလွန်ရဲ့ သမီးဖြစ်သူ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးလည်း တင်ပါးထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “အကြောင်းမဲ့ပစ်တာလို့ ပြောရမယ်။ လက်နက်ကြီးက သူတို့အိမ် ဝရန်တာမှာ ကျတာပါ။ သူတို့သားအမိ ၂ ယောက်တည်း နေတဲ့အိမ်ပေါ့။ တိုက်ပွဲလည်းမဖြစ်ဘူးဗျ။ အရင် စစ်ကြောင်းရှိတုန်းကလည်း စကစတွေထောင်တဲ့ မိုင်းနင်းမိပြီး အမျိုးသားတယောက် ဆုံးဖူးတယ်” လို့ ပြောပါတယ်။

အခုကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးဟာ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ဘက်က ပစ်ခတ်တာဖြစ်တယ်လို့ CNDF တာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013