DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် အမျိုးသမီး ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပ
DVB
·
November 27, 2023
မဲဆောက်တွင် အမျိုးသမီး ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ်  အကြမ်းဖက်မှုမှ ဆန့်ကျင်တဲ့ ၁၆ ရက်တာ လှုပ်ရှားမှု အစီအစဉ်အဖြစ် အမျိုးသမီး ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ၂ ရက်တာ ထည့်သွင်းကျင်းပခဲ့ပါတယ်။

The Space နဲ့ မဲဆောက်အိမ်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်က အမျိုးသမီးဘောလုံးအသင်း ၆ သင်း ယှဥ်ပြိုင်ကစားခဲ့ကြကာ ၃ သင်းကို ဖိုင်နယ်ပွဲတက် ဆုပေးအစီအစဥ်နဲ့ ကျင်းပခဲ့တာပါ။

ပွဲစီစဥ်တဲ့ မဲဆောက်အိမ် တာဝန်ရှိသူက “မြန်မာပြည်က အကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့ မြန်မာတွေ စိတ်လက်ပြေပျောက်စေဖို့ ဘောလုံးပွဲတွေကို ကျနော်တို့ မဲဆောက်အိမ်က မကြာခဏ ကျင်းပဖြစ်ပါတယ်။ နောက်ပြီး အမျိုးသမီးဘောလုံးပွဲတွေလည်း လုပ်ချင်တာနဲ့ ဒီ ၁၆ ရက်တာလှုပ်ရှားမှုမှာ The Space ကမ်းလှမ်းတာနဲ့ တက်တက်ကြွကြွ ပါဝင်ဖြစ်တာပါ။ ဒီပွဲမှာ အမျိုးသမီး ၆ သင်းပါတယ်။ ပါဝင်တဲ့သူတွေက တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသူတွေ စသဖြင့် နယ်ပယ်အသီးသီးက ပါဝင်ကြတဲ့သူတွေနဲ့ ၆ သင်းကို ၃ သင်း နှစ်အုပ်စုနဲ့ လုပ်ဖြစ်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

Myanmar Health Support - MHS အသင်းက “အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို မည်သို့သော အကြမ်းဖက်မှုမှ မလိုလားလို့ ၁၆ ရက်တာ လှုပ်ရှားမှုကို ပူးပေါင်းပါဝင်ဖြစ်တာပါ။ နောက်တခုကတော့ ဘောလုံးပြိုင်ပွဲဆိုတဲ့ သဘောကလည်း ရုန်းကန်ကြိုးစားရတယ်၊ ပြင်ဆင်ရတယ်၊ အချင်းချင်းကြား အပေးအယူမျှရတယ်။ ဒီလို ကစားပွဲတွေကနေလည်း စုစည်းမှုယူပြီး ဘဝဖြစ်စဉ်တချို့ တုံ့ပြန်နိုင်ဖို့လည်း ရည်ရွယ်ပါတယ်” လို့ ဆိုပါတယ်။

၁၆ ရက်တာ လှုပ်ရှားမှု အမျိုးသမီး ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲမှာ Kwei Kaboung, Myanmar Health Support - MHS, WLRC, AMICIZIA, PlayOnSide, BHSOH တို့ ပါဝင်ပါတယ်။

ပြိုင်ပွဲမှာ ပထမဆုကို PlayOnSide အသင်းက ရရှိခဲ့ပြီး ဒုတိယဆုကို Myanmar Health Support - MHS နဲ့ တတိယဆုကို Kwei Kaboung အသင်းတို့က ရရှိခဲ့ကြပြီး စီစဥ်သူတွေအနေနဲ့ အလွန်ကျေနပ်အားရခဲ့ပြီး နှစ်ရက်တာအတွင်းမှာ ပါဝင်ခဲ့သူတွေကလည်း နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်စွာ ပါဝင်ခဲ့ကြတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ၁၆ ရက်တာ လှုပ်ရှားမှု အစီအစဉ်တွေမှာ အမျိုးသမီးချစ်ကြည်ရေး ဘောလုံးအားကစား အခမ်းအနား အစီအစဉ်၊ ပြခန်းများ ခင်းကျင်းပြသခြင်း၊ ရုပ်ရှင်ပွဲတော်၊ နိုင်ငံတကာ လူ့အခွင့်အရေးနေ့နဲ့ ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားပိတ်ပွဲ၊ လူငယ့်စကားဝိုင်း တိုက်ရိုက်ထုတ်လွှင့်ခြင်း စတဲ့ အစီအစဉ်တွေ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013