DVB Logo
Home
နိုင်ငံတကာ
တောင်ကိုရီးယားတွင် အမျိုးသား၊ အမျိုးသမီး ၁၀၀ ခန့် ချစ်သူရှာဖွေပွဲ ဆင်နွှဲ
DVB
·
November 27, 2023
တောင်ကိုရီးယားတွင် အမျိုးသား၊ အမျိုးသမီး ၁၀၀ ခန့် ချစ်သူရှာဖွေပွဲ ဆင်နွှဲ
Donate to DVB

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်နားက ဟိုတယ်တခုမှာ အမျိုးသားနဲ့ အမျိုးသမီး အယောက် ၁၀၀ ဟာ အလှဆုံး ဝတ်ဆင်ထားပြီး သူတို့ရဲ့ အဝတ်အစားတွေပေါ်မှာ နာမည်တံဆိပ်တွေ ချိတ်ဆွဲရင်း အချစ်ကိုရှာဖွေဖို့ မျှော်လင့်ခဲ့ကြပါတယ်။

သူတို့ဟာ ဆောင်နမ်မြို့မှာကျင်းပတဲ့ အရင်က မမြင်တွေ့ဘူးသူအချင်းချင်း လူအုပ်လိုက်  ချိန်းတွေ့ပွဲတခုကို တက်ရောက်နေတာပါ။

ကလေးမွေးဖွားနှုန်း ကျဆင်းနေတာကို ပြန်တက်စေရေး ဒေသန္တရအစိုးရက ကြိုးပမ်းမှု အတွင်း ပါဝင်တက်ရောက်နေတာလည်း ဖြစ်ပါတယ်။

ပွဲတက်လာတဲ့ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်တွေဟာ ပေါင်းသင်းဆက်ဆံရေး နည်းပြတဦးက ကျောက်စက္ကူကတ်ကြေး ကစားနည်းနဲ့ ပွဲကို မစမချင်း ငြိမ်ငြိမ် ထိုင်နေခဲ့ကြပါတယ်။

ပွဲတက်လာသူတွေကြား အမြန် အတွဲဖြစ်ရေး စီစဉ်ပေးဖို့ မြို့အာဏာပိုင်တွေက ဝိုင်၊ ချောကလက်တွေ၊ ဂိမ်းတွေ၊ အခမဲ့ မိတ်ကပ်ဝန်ဆောင်မှုတွေ စီစဉ်ပေးထားတဲ့အပြင် လူလွတ်တွေအတွက် ဘဝနောက်ကြောင်းကိုပါ စစ်ဆေးဖို့ ဆုံးဖြတ်ထားပုံရတယ်လို့ ရိုက်တာ သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဆောင်နမ်မြို့မှာ ခုလိုပွဲစဉ် ငါးကျော့မြောက် ကျင်းပတာဖြစ်ပြီး ပွဲတက်သူ အယောက် ၄၆၀ ထဲက ၁၉၈ ယောက်ဟာ လက်တွဲဖော်နဲ့ အဆက်အသွယ်ဖလှယ်ဖို့ သဘောတူခဲ့ပြီး စုံတွဲတွေ ဖြစ်သွားကြတယ်လို့ ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ မနှစ်က ၀ ဒသမ ၇၈ ထိ စံချိန်တင် နိမ့်ဆင်းသွားခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က အဖွဲ့ဝင်နိုင်ငံတွေအကြား ပျမ်းမျှကလေးမွေးနှုန်းက ၁ ဒသမ ၅၈ ရှိနေပါတယ်။

OECD ဟာ အဖွဲ့ဝင်နိုင်ငံ ၃၈ နိုင်ငံပါတဲ့ အစုအဖွဲ့ဖြစ်ပြီး ချမ်းသာသောနိုင်ငံအများစုနဲ့ ထွန်းသစ်စနိုင်ငံတချို့ ပါဝင်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013