DVB Logo
Home
နိုင်ငံတကာ
ယာယီအပစ်ရပ်ကာလ ပြီးဆုံးပါက တိုက်ခိုက်မှု ပြန်စမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
DVB
·
November 27, 2023
ယာယီအပစ်ရပ်ကာလ ပြီးဆုံးပါက တိုက်ခိုက်မှု ပြန်စမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
Donate to DVB

ဂါဇာဒေသမှာ ယာယီအပစ်အခတ်ရပ်စဲမှု ပြီးဆုံးသွားတာနဲ့ ဟားမတ်အပေါ် တိုက်ခိုက်မှုတွေ အပြည့်အ၀ ပြန်လည်စတင်မှာ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက နိုဝင်ဘာ ၂၆ ရက်အတွင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကို ပြောကြားပါတယ်။ 

ဒါပေမဲ့လည်း နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေးကို သက်တမ်း တိုးမယ်ဆိုရင် ကြိုဆိုမှာ ဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။ 

ကာတာနိုင်ငံက ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ မူလသဘော တူညီချက်အရ ဓားစာခံ ၁၀ ဦးစီ နေ့စဉ် လွှတ်ပေးဖို့တော့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

ဒီအပစ်အခတ်ရပ်စဲမှုရဲ့  ၃ ရက် မြောက်နေ့အတွင်း ဟားမတ်စ်အဖွဲ့ ထိန်းသိမ်းထားတဲ့ အစ္စရေး ၁၃ ဦး၊ ထိုင်း ၃ ဦးနဲ့ ရုရှား ၁ ဦးကို လွှဲပြောင်းပေးခဲ့သလို အစ္စရေးဘက်ကလည်း ပါလက်စတိုင်း ၃၉ ဦး အထိ ပြန်လွှတ်ပေးခဲ့ပါတယ်။ 

အစ္စရေးဝန်ကြီးချုပ်က " အပစ်အခတ်ရပ်စဲမှု ပြီးဆုံးသွားတဲ့အခါ  ရည်မှန်းချက် ဖြစ်တဲ့ ဟားမတ်စ် ချေမှုန်းရေး၊ ဂါဇာဒေသရဲ့ အရင်ပုံစံအတိုင်း ပြန်ဖြစ်ရေးနဲ့ ဓားစာခံအားလုံး လွတ်မြောက်ရေး အတွက် အင်ပြည့်အားပြည့် ပြန်လည်လုပ်ဆောင် သွားမှာ ဖြစ်တယ်" ပြောပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013