DVB Logo
Home
မြန်မာသတင်း
၁၁၂၇ စစ်ဆင်ရေးကြောင့် ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်
DVB
·
November 27, 2023
၁၁၂၇ စစ်ဆင်ရေးကြောင့် ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်
Donate to DVB

၁၁၂၇ စစ်ဆင်ရေး နိုင်ငံတဝန်းမှာ ဒီနေ့မှာ အရှိန်မြှင့်မယ်လို့ ကြေညာထားတာကြောင့်  ရန်ကုန်မှာ မြို့နယ်အလိုက် ကြည်း၊ ရေ၊ လေတပ်တွေနဲ့ တင့်ကား၊ သံချပ်ကာယာဉ်တွေနဲ့ ကြိုတင်ပြင်ဆင်ထားပြီး လုံခြုံရေးတိုးမြှင့်လိုက်တယ်လို့ စစ်ကောင်စီ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ က ၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံးအဆင့်သို့ ပြောင်းလဲပြီး နောက်တဆင့်တက်မယ်လို့  ကြေညာထားတာကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ တိုင်းအစိုးရအဖွဲ့က ပြင်ဆင်ထားတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"ဌာနဆိုင်ရာတွေရော၊ အုပ်ချုပ်ရေးပိုင်းရော ထူးခြားမှုရှိရင် အချိန်နဲ့ တပြေးညီ သတင်းပို့ဖို့ မှာထားတယ်။ ပစ်ခတ်မှုဖြစ်လာရင် စခန်းရဲနဲ့ တပ်ပေါင်းပြီးတိုက်ဖို့ ပြည်သူ့စစ်တွေကိုလည်း ကြိုမှာထားတယ်။  ၂၇ ရက်ကစပြီး သတိထားဖို့။”

မြောက်ဒဂုံမြို့နယ်နဲ့ အရှေ့ဒဂုံမြို့နယ်တွေမှာတော့  စစ်ကောင်စီတပ်က ရဲကားနဲ့  စစ်ကားတွေ အပါအဝင် လက်နက်အပြည်အစုံနဲ့ ကင်းလှည့်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ပူပန်နေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"စစ်ကား ၁၀ စီးနဲ့လှည့်တာ။ တခါတလေ ၇ စီးနဲ့ လှည့်တယ်။ ကားတွေရပ်ပြီး သေနတ်တွေနဲ့ လမ်းမပေါ်မှာရပ်ပြီး ဓာတ်ပုံရိုက်တာလည်းရှိတယ်။ ဘန်ကာကင်းတွေမှာ အခုဆို စစ်သားနဲ့ ရဲ ၁၀ ယောက်ထက်မနည်းချထားတယ်။ အရင်က ၂ ယောက် ၃ ယောက်ပဲ ထားတာ။”

သန်လျင်အခြေစိုက်ရေတပ်စခန်းက စစ်ကောင်စီတပ်တွေလည်း လှိုင်မြစ်အတွင်း သင်္ဘာနှစ်စီးနဲ့ လှည့်ကင်းလှည့်ပြီး သမ္ဗန်တွေ၊ အုတ်သဲကျောက်တင် သင်္ဘာတွေကို စစ်ဆေးနေတယ်လို့ ဒလမြို့ခံတဦးက  ပြောပါတယ်။

"ရေတပ်က သန်လျင်မှာ တပ်သားတွေအများကြီးထားပြီး စစ်သင်္ဘာတွေနဲ့ လှည့်တယ်။ လှိုင်မြစ်ထဲမှာရှိတဲ့ စက်လှေတွေ သမ္ဗန်တွေကို စစ်ဆေးတာတွေရှိတယ်။ သူတို့ပုံစံက တိုက်ပွဲအတွက် ပြင်ထားတဲ့ပုံစံမျိုး။”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၂၇ ရက် က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ၁၀၂၇  စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီရဲ့ တပ်စခန်း ၂၀၀ နီးပါးနဲ့ မုံကိုး၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်အပါအဝင် မြို့ပေါင်း ၁၀ မြို့ထက်မနည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013