DVB Logo
Home
အားကစား
နာမည်ကျော် NBA ဘတ်စ်ကက်ဘောကစားသမား လဘရွန်းဂျိမ်းစ်ပြတိုက် ဖွင့်လှစ်
DVB
·
November 27, 2023
နာမည်ကျော် NBA ဘတ်စ်ကက်ဘောကစားသမား လဘရွန်းဂျိမ်းစ်ပြတိုက် ဖွင့်လှစ်
Donate to DVB

အမေရိကန် NBA ဘတ်စ်ကက်ဘောလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ လဘရွန်းဂျိမ်းစ်ရဲ့ ကစားသမားဘဝ ထင်ရှားကျော်ကြားမှုတွေကို ပြသထားတဲ့ ပြတိုက်ကို နိုဝင်ဘာ ၂၅ ရက်က သူ့ရဲ့မွေးရပ်ဖြစ်တဲ့ အိုဟိုင်းယိုးပြည်နယ်၊ အာခရွန်မြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဒီပြတိုက်ဟာ ဂျိမ်းစ်ကြီးပြင်းလာခဲ့တဲ့ တိုက်ခန်းကို ပြန်လည်ဖန်တီးထားတာဖြစ်ပြီး ကစားသမားရဲ့ ဘဝတလျှောက်မှာ ပရိတ်သတ်တွေ မမြင်ဘူးလိုက်တဲ့ အရာတွေလည်း များစွာ ထည့်သွင်းပြသထားသလို ပရိတ်သတ်တွေကလည်း ဂျိမ်းစ်ရဲ့ ဘဝအကြောင်း ပြသထားတာတွေကို တန်းစီပြီး လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ဧည့်သည်တွေဟာ ဂျိမ်းစ်ရဲ့ ၂၀၀၃ ခုနှစ် NBA ကစားသမားဘဝကနေ ဖြတ်သန်းခဲ့တဲ့ ချန်ပီယံဆုတွေ အပါအဝင် နှစ်ပေါင်းများစွာ ဆွတ်ခူးခဲ့တဲ့ အိုလံပစ်ချန်ပီယံဆုတွေကို ကြည့်ရှုခွင့် ရခဲ့ကြပါတယ်။

ပြတိုက်လက်မှတ်ရောင်းချတာကနေ ရရှိတဲ့ငွေတွေကို သူတည်ထောင်ထားတဲ့ ပရဟိတ အဖွဲ့အစည်းကို ပေးအပ်သွားမှာလည်း ဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် ဂျိမ်းစ်ဟာ NBA လောကမှာ ထာဝရဂိုးသွင်းအများဆုံးအဖြစ် ဖေဖော်ဝါရီလက မှတ်တမ်းတင်ခဲ့ပြီး ၂၁ ရာသီမှာ အမှတ်ပေါင်း ၃၉,၀၀၀ အထိ ဒီတပတ်ထဲမှာပဲ ရရှိထားပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013