DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနမ့်စလပ်စခန်းကို MNDAA ပူးပေါင်းအဖွဲ့က သိမ်းပိုက်
DVB
·
November 26, 2023
စစ်ကောင်စီနမ့်စလပ်စခန်းကို MNDAA ပူးပေါင်းအဖွဲ့က သိမ်းပိုက်
1 / 5
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ သိန္နီ - ချင်းရွှေဟော် လမ်းမပေါ်က နမ့်စလပ်စခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ မဟာမိတ်တွေက သိမ်းပိုက်ခဲ့ပြီး ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီစခန်း အကြီးအသေး ၁၇၀ ကျော်နဲ့ နယ်စပ်ဂိတ် ၄ ခုကို သိမ်းယူထားနိုင်ပြီလို့ ကိုးကန့် သတင်းနဲ့ ဒေသခံတွေဆီက သိရပါတယ်။

နမ့်စလပ်ရွာကို နိုဝင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာ အပြီးသိမ်းနိုင်တာတွေ့ရပြီး စစ်ရှောင်တွေကတော့ ရွာကို ပြန်လို့မရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၄ နာရီခွဲလောက်ကစပြီး MNDAA၊ AA နဲ့ KNDF စတဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းပြီး နမ့်စလပ် အခြေချ စစ်ကောင်စီ တပ်ရင်း ၅၆၇ နဲ့ ၅၆၈ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၆ ရက် အကြာ နိုဝင်ဘာ ၂၄ ရက်နေ့ည ၇ နာရီ ခွဲလောက်မှာ သိမ်းနိုင်ခဲ့တယ်လို့ MNDAA ရဲ့ ပြန်ကြားရေးဌာနဖြစ်တဲ့ ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီစခန်းကို အကာအကွယ်ပေးတဲ့ တွဲဖက်စခန်း ၃ ခုရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၆ ယောက်လောက် သေဆုံးပြီး သုံ့ပန်း ၃၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် သံချပ်ကာ ကား ၁ စီး၊ ဟောင်းဝီဇာအမြောက် ၂ ခု နဲ့ တခြားလက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းပစ္စည်းတွေလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာ အနီးအနားဝန်းကျင်ရွာတွေက ဒေသခံတွေဟာ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သိမ်းပိုက်လိုက်ပြီဆိုပေမယ့် လက်နက်ကြီးနဲ့ လေကြောင်းကနေ ပစ်ခတ်လာမှာနဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေ ရှိနေမှာကို စိုးရိမ်နေကြလို့ ရွာထဲ မပြန်ကြသေးဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ MNDAA ဟာ နယ်စပ်ဂိတ်ပေါက်တွေဖြစ်တဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်၊ မုံးကိုး မုခ်ဦး(နယ်စပ်ထွက်ပေါက်)၊ ပန်ဆိုင်းနယ်စပ်နဲ့ ကျင်းစန်းကျေ့်နယ်စပ်ဂိတ် ၄ ခုကို သိမ်းယူထားနိုင်ပြီလို့လည်း MNDAA ရဲ့ ပြန်ကြားရေးဌာနဖြစ်တဲ့ ကိုးကန့်သတင်းမှာ ဖော်ပြထားပါတယ်။

Photo - The Kokang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013