DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်သားငယ် ဦးဆောင်သည့် Freedom Tattoo Campaign  နယူးယောက်တွင် ပြုလုပ်မည်
DVB
·
November 26, 2023
ဒေါ်အောင်ဆန်းစုကြည်သားငယ် ဦးဆောင်သည့် Freedom Tattoo Campaign  နယူးယောက်တွင် ပြုလုပ်မည်
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ကင်မ်) ဦးဆောင်တဲ့ Freedom Tattoo Campaign ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဒီဇင်ဘာ ၃ ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ကျင်းပသွားမှာပါ။

ကမ်ပိန်းမှာ ကိုထိန်လင်းကိုယ်တိုင် မြန်မာ့ရိုးရာ နဂါးရုပ်တက်တူးကို သူ့ရဲ့လက်မောင်မှာရေးထိုးပြီး ပါဝင်သွားမှာဖြစ်ပါတယ်။ 

ကမ်းပိန်းပြုလုပ်ချိန်မှာ ယာယီတက်တူးကပ်လိုသူတွေအတွက် Helping Hands for Burma (H2B) အဖွဲ့က ယာယီတက်တူးစတေကာတွေကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။ 

ပွဲနေ့မှာ တော်လှန်ရေးအတွက်ငွေကြေးလှူဒါန်းသူတွေကို ပမာဏအနည်းအများမကြည့်ဘဲ ကင်မ်ရဲ့လက်မှတ်ပါတဲ့ ဒစ်ဂျစ်တယ်လ်ဆာတီဖီကိတ် ဂုဏ်ပြုလွှာတွေပေးအပ်သွားမယ်လို့ ပွဲစီစဉ်တဲ့ H2B အဖွဲ့ဝင်တွေကပြောပါတယ်။

"အမေစုရဲ့သားငယ် ကင်မ်ရဲ့ Freedom Tattoo Campaign အောင်မြင်ဖို့ နယူးယောက်က မြန်မာပြည်ဖွား ညီအကိုမောင်နှမအားလုံးတတ်အားသရွေ့ ပူးပေါင်းကူညီပေးကြပါလို့ လေးစားစွာဖိတ်ခေါ်ပါရစေ" လို့ H2B အဖွဲ့ဝင်တယောက်က ပြောပါတယ်။

Freedom Tattoo Campaign ရန်ပုံငွေရှာဖွေပွဲဟာ အောက်တိုဘာ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာ ၃ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တရားမဲ့အကျဉ်းကျခံ၊ ကွပ်မျက်ခံခဲ့ရတဲ့ သူရဲကောင်းတွေရဲ့မိသားစုတွေနဲ့ စစ်ဘေးသင့်ပြည်သူ ၂ သန်းကျော်ကို တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးနိုင်ဖို့ရည်ရွယ်ထားတဲ့ ကမ်ပိန်းဖြစ်ပါတယ်။ 

မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူး မတရားဖမ်းဆီးခံရပြီး အသက်ပေးလှူခဲ့ရတဲ့ဖြစ်စဉ်အပြီးမှာ ရိုးရာလက်ဝှေ့ကိုနှစ်ခြိုက်တဲ့ကင်မ်က တူးတူးကို ဂုဏ်ပြုဖို့နဲ့ နိုင်ကျဉ်းတွေနဲ့မိသားစုတွေ၊ စစ်ဘေးရှောင်တွေကို  အကူအညီပေးနိုင်ဖို့ ကမ္ဘာတဝန်းရန်ပုံငွေရှာဖွေပွဲကို စီစဉ်ခဲ့တာဖြစ်ပါတယ်။ 

နယူးယောက်မြို့ကမ်ပိန်းကို ကိုယ်တိုင်မလာရောက်နိုင်သူတွေအနေနဲ့လည်း H2B အဖွဲ့ကို ဆက်သွယ်ပြီး တတ်နိုင်သလောက်အကူအညီပေးကြဖို့ စီစဉ်သူတွေက မေတ္တာရပ်ခံထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013