DVB Logo
Home
နိုင်ငံတကာ
အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေးနေ့အထိမ်းအမှတ် မက်ဒရစ်တွင် လူထောင်ချီ ချီတက်
DVB
·
November 26, 2023
အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေးနေ့အထိမ်းအမှတ် မက်ဒရစ်တွင် လူထောင်ချီ ချီတက်
Donate to DVB

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ နိုဝင်ဘာ ၂၅ ရက် စနေနေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထောင်နဲ့ချီတဲ့ လူတွေ ချီတက်ခဲ့ကြပြီး ဘိုးစဉ်ဘောင်ဆက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့နဲ့ အစိုးရတွေဆီမှ ခွဲခြားဆက်ဆံမှု မရှိတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

“ပြီးဆုံးသွားပြီ” ဆိုတဲ့ ဆောင်ပုဒ် အောက်မှာ ခရမ်းရောင်အဝတ်အစားတွေ ဝတ်ဆင်ထားကြတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ဂရန်းဗီယာ လမ်းမတလျှောက် ချီတက်ခဲ့ကြပြီး အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ တစည်းတလုံးတည်း ရှိနေကြောင်းလည်း ပြသခဲ့ ကြပြီး အလံတွေဝှေ့ယမ်းပြီးတော့ မက်ဒရစ်မြို့တော်ခန်းမရှေ့မှာ ပါဖောမန့်စ် ပြုလုပ်ခဲ့ကြပါတယ်။ 

တန်းတူညီမျှရေး ဝန်ကြီးဌာန အဆိုအရ စာရင်းဇယားတွေကို  တရားဝင် စတင်ရေတွက်တဲ့ ၂၀၀၃ ခုနှစ်မှာ စတင်ပြီး စပိန်နိုင်ငံမှာ လိင်ကွဲပြားမှုဆိုင်ရာ ကျား၊မ အခြေပြုတဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အမျိုးသမီး အရေအတွက်ဟာ ၁,၂၇၃ ဦးအထိ တိုးလာခဲ့ကြောင်း သိရပါတယ်။

အခုနှစ်မှာ လက်တွဲဖော် သို့မဟုတ် လက်တွဲဖော်ဟောင်းတွေရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၅၂ ဦး သေဆုံးခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013