DVB Logo
Home
နိုင်ငံတကာ
အစ္စရေးက ပြန်ပေးလာသည့် ပါလက်စတိုင်း ၁၀၀ ကျော်၏ ရုပ်အလောင်းများ မြေမြှုပ်
DVB
·
November 26, 2023
အစ္စရေးက ပြန်ပေးလာသည့် ပါလက်စတိုင်း ၁၀၀ ကျော်၏ ရုပ်အလောင်းများ မြေမြှုပ်
Donate to DVB

အစ္စရေးစစ်တပ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အလ်ရှီဖှာဆေးရုံကို ဝင်ရောက်ခဲ့ပြီးတော့ အလောင်းတွေကို သိမ်းယူသွားခဲ့ပြီးနောက် အခုသီတင်းပတ်အစောပိုင်းမှာ အစ္စရေးက ပြန်ပေးလာတဲ့ ပါလက်စတိုင်းသား ၁၀၀ ကျော်ရဲ့ ရုပ်အလောင်းတွေကို ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမြို့ ခန်ယိုနစ်စ်ရဲ့ သုဿန်မှာ တစုတစည်းတည်း ဗုဒ္ဓဟူးနေ့က မြှုပ်နှံခဲ့ပါတယ်။

အစုလိုက်အပြုံလိုက် ဈာပနအခမ်းအနားကို ပြည်တွင်း လခြမ်းနီအဖွဲ့နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက စီစဉ်ပေးခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့က သင်္ဘောကွန်တိန်နာ အတွင်း ရောက်ရှိလာတဲ့ ရုပ်အလောင်းတွေကို လွှဲပြောင်းပေးရေးကို ဝန်ထမ်းတွေက လုပ်ဆောင်ခဲ့ပါတယ်။

ဒေသခံ လခြမ်းနီအဖွဲ့မှ ဝန်ထမ်းခါလစ်ဆီယမ်က“အစ္စရေးဘက်ခြမ်းမှ ည ၁၁ နာရီမှာ လူသေအလောင်းတွေကို တောင်ပိုင်းကနေ ဂါဇာကိုပိုင်းခြားထားတဲ့ နေရာမှာ ရွှေ့ခဲ့ကြောင်းနဲ့ အလောင်းတွေကို ကွန်တိန်နာထဲ ထည့်ယူလာလို့ အံ့သြသွားကြောင်း”လို့ ပြောပါတယ်။

အလ်ရှီဖှာဆေးရုံနဲ့ ဘိုက်တ်ဟာနွန် ဆေးရုံနေရာ ၂ ခုတို့မှ အလောင်း ၁၁၀ ရှိတယ်လို့ အလောင်းသယ်လာသူတွေက ပြောကြောင်းလည်း သူက ဆိုပါတယ်။

အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်အဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို စစ်ဆေးနေတုန်းမှာ ရုပ်အလောင်းတွေကို လွှတ်ပေးဖို့ နှောင့်နှေးခဲ့ပါတယ်။

ခန်ယိုနစ်စ်မြို့ဟာ ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ မြို့တမြို့ဖြစ်ပြီး အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှ လွတ်မြောက်ဖို့ မြောက်ဘက်မှ ပါလက်စတိုင်းသားတွေ အများအပြား ထွက်ပြေးခဲ့ကြပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013