DVB Logo
Home
မြန်မာသတင်း
တရားမဝင်အကြမ်းဖက်စစ်အုပ်စုနှင့် မည်သည့်နေရာအချိန်တွင်မှ တွေ့ဆုံခဲ့ခြင်းမရှိဟု NUG ထုတ်ပြန်
DVB
·
November 25, 2023
တရားမဝင်အကြမ်းဖက်စစ်အုပ်စုနှင့် မည်သည့်နေရာအချိန်တွင်မှ တွေ့ဆုံခဲ့ခြင်းမရှိဟု NUG ထုတ်ပြန်
Donate to DVB

တရားမဝင်အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ဆိုသူတွေ အပါအဝင် ဘယ်သူနဲ့မှ ဘယ်နေရာ၊ ဘယ်အချိန်မှာမှ တွေ့ဆုံဆက်ဆံတာ လုံးဝမရှိခဲ့ဘူး လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားအစိုးရရဲ့ ဦးဆောင်မှုနဲ့ အာဆီယံအထူးသံတမန်ရုံးက မြန်မာနိုင်ငံက သက်ဆိုင်သူ (Stakeholders) တွေနဲ့ ထိတွေ့ဆက်ဆံတာနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အပေါ် NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထားကြေညာချက်ထုတ်လာတာပါ။

နိုဝင်ဘာ ၂၀ ရက်က‌နေ ၂၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ အင်ဒိုနီးရှားအစိုးရရဲ့ ဦးဆောင်မှုနဲ့ အာဆီယံအထူးသံတမန်ရုံးဟာ မြန်မာနိုင်ငံက သက်ဆိုင်သူ‌တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီအကြောင်းကို ထုတ်ပြန်ရာမှာ တချို့သတင်းတွေက စစ်အစိုးရကိုယ်စားလှယ်တွေနဲ့ NUG တို့ တွေ့ဆုံတယ်ဆိုတဲ့သဘောမျိုးဖော်ပြကြတာတွေလည်း ရှိပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက မြန်မာ့အရေးမှာ အာဆီယံရဲ့ကြားဝင်ပေးတာကို ထောက်ခံတွန်းအားပေးနေတဲ့အပေါ် NUG အနေနဲ့လည်း နွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်နေတာတွေ၊ ရပ်တည်ချက်သဘောထားတွေကို အာဆီယံအနေနဲ့ သိရှိနားလည်နိုင်ဖို့ အာဆီယံရဲ့ အဖွဲ့အလိုက် သီခြားစီတွေ့ဆုံမှု အစီအစဉ်တွေမှာ သီးသန့်တွေ့ပြီး ဆွေးနွေးဆက်ဆံနေတယ်လို့ NUG က ဆိုပါတယ်။

အာဆီယံအနေနဲ့ အာဆီယံအထူးသံတမန်ရုံးကတဆင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်တာ‌တွေကို အမျိုးသားညီညွတ်ရေး အစိုးရက နားလည်အသိအမှတ်ပြုတယ်လို့လည်း ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးမှုကို အာဆီယံက တိုက်တွန်းလာတဲ့ အခါတိုင်း “စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေး အာမခံချက်မရှိဘဲ၊ ပြည်သူ့သဘောထားကို အခြေမခံဘဲ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ မဟာမိတ်များ၏ သဘောထားဆန္ဒမပါဘဲ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအား အပြည့်အဝ ကျင့်သုံးနိုင်မည့် အခြေအနေအပေါ် အာမခံချက်မရှိဘဲ မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် အလျဉ်းမရှိပါ ” လို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်း သဘောထားပေး‌ေနတယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှား၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာပါတဲ့ တွေ့ဆုံဆွေးနွေးပွဲ တွေ ကျင်းပနိုင်ခြေရှိတာနဲ့ ပတ်သက်တဲ့ ဖော်ပြချက်ဟာ အာဆီယံ အထူးသံတမန်ရုံးရဲ့ ကောက်ချက်ချတာပဲဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့မသက်ဆိုင်ဘူး လို့လည်း ထုတ်ပြန်ကြေညာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013