DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးထိမှန်ပြီး ညောင်လေးပင်နှင့် ကလေးမြို့တွင် ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
DVB
·
November 25, 2023
လက်နက်ကြီးထိမှန်ပြီး ညောင်လေးပင်နှင့် ကလေးမြို့တွင် ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်‌မှာ အမျိုးသမီး ၁ ယောက်သေ၊ ၃ ယောက် ဒဏ်ရာရသလို ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာလည်း ကလေး ၁ ယောက်အပါအဝင် ၃ ယောက် ဒဏ်ရာရသွားပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားရွာမှာ နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်း က တင်သားရွာရဲ့‌တောင်ဘက် ၃ မိုင်အကွာ ကြံသာရွာမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပတ်ခတ်ခဲ့တာကြောင့် တင်သားရွာတောင်ပိုင်း အမှတ် ၆ ရပ်ကွက်မှာ ကျရောက်ပြီး ‌အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်မာဝေ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

သမီးဖြစ်သူမှာတော့ ကျောမှာ ဒဏ်ရာရရှိသွားပြီး အိမ်နီးချင်း ၂ ယောက်လည်း ဒဏ်ရာရသွားတယ်လို့ တင်သားရွာခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခုတလော ကြံသာကနေ လက်နက်ကြီးနဲ့က ဆက်တိုက်ထုနေတာ။ ဘာတိုက်ပွဲမှ မရှိဘူး။ မမာဝေက အိမ်ထဲမှာ ချမ်းလို့အိမ်ဝန်းထဲ နေပူတဲ့နေရာမှာ နေဆာလှုံနေတာ။ လက်နက်ကြီးက သူ့တည့်တည့်ကျပြီး မျက်နှာပြင်တခုလုံး ပျက်စီးပြီး ပွဲချင်းပြီး သေသွားတာ။ အသုဘကိုချက်ချင်းချပြီး သင်္ဂြိုလ်လိုက်ရတယ်။ အိမ်နီးချင်း ၂ ယောက်လည်း လဲသွားပြီး ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ  ၂၇ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးမြို့နယ်၊ ရှားဖိုရွာဒေသခံ ၄ ယောက် ထိခိုက်သေဆုံးသွားခဲ့ပါ‌သေးတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာတော့ နိုဝင်ဘာ ၂၄ ရက် ည ၁၁ နာရီခွဲက ညောင်လေးပင် ခမရ ၂၀ နဲ့ ခမရ ၃၄၉ ပိန်းဇလုပ်ကနေ ၁၂၀ မမ လက်နက်ကြီးပစ်ခတ်လို့ ညောင်လေးပင်မြို့နယ်၊ ဂွေးကုန်းကျေးရွာက ဦးသန်းဌေးရဲ့ နေအိမ်နားကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၇ နှစ်အရွယ် မောင်ချစ်ချစ်ရဲ့ ဦးခေါင်းနောက်စေ့ထိမှန်ဒဏ်ရာရပြီး အသက် ၁၈ နှစ်အရွယ် မခင်ပပဝင်းမှာ ဗိုက်ဘယ်ဘက်ခြမ်း၊ အသက် ၅၄ နှစ်အရွယ် ဒေါ်ချိုချိုဝင်းမှာ ဘယ်ဘက်ပေါင် ထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃လုံးပါ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013