DVB Logo
Home
နိုင်ငံတကာ
ရုရှား၏ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးရေးမဟာဗျူဟာ သမ္မတ ပူတင် အတည်ပြုမည်
DVB
·
November 25, 2023
ရုရှား၏ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးရေးမဟာဗျူဟာ သမ္မတ ပူတင် အတည်ပြုမည်
Donate to DVB

သမ္မတ ဗလာဒီမာပူတင်က မကြာခင်မှာ ရုရှားရဲ့ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာ အသစ်ကို အတည်ပြုမှာ ဖြစ်ပြီး စူပါကွန်ပြူတာတွေ တိုးချဲ့ထုတ်လုပ်မှု သိသိသာသာ တိုးလာဖို့ တောင်းဆို ထားတယ်လို့ နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။ 

သိပ္ပံ၊ ပညာရေးနဲ့ ပြည်သူ့ကျန်းမာရေး စတဲ့ နယ်ပယ် တွေမှာ AI ကို အကောင်အထည်ဖော်တာက တကယ်တော့ ကျွန်တော်တို့ဘဝရဲ့ နယ်ပယ်တိုင်းက လူသား ဖြစ်တည်မှု ရဲ့ စာမျက်နှာ အသစ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ 

“ဒါက ကျနော့်အမြင်အရတော့ ထင်ရှားပါတယ်။ ကျနော်တို့တိုင်းပြည် ပိုမိုထိရောက်ပြီး ပြည်သူအားလုံးရဲ့ ပျော်ရွှင်မှုကို ဘယ်လိုအာမခံနိုင်မလဲဆိုတာက ဥာဏ်ရည်တု အတွက် ကျယ်ပြန့်တဲ့ မေးခွန်းတစ်ခုပါ”လို့ ပူတင်က ပြောပါတယ်။ 

ဒါကို စတင်ဖြေရှင်းဖို့ သမ္မတရဲ့ ဥပဒေကြမ်းအသစ်ကို မကြာမီ လက်မှတ်ထိုးတော့မှာပါ။ နည်းပညာတွေ အမြန် တိုးတက်လာတာနဲ့အညီ ဒီမူကြမ်းဟာ သိသာတဲ့ အပြောင်းအလဲတွေကို တွေ့ကြုံခံစားရမှာပါ။

“ပန်းတိုင်တွေ လုပ်ငန်းတွေကို ပိုပြီး အသေးစိတ် လုပ်လာမယ်။ အဓိက ဥာဏ်ရည်တုနဲ့ ကြီးမားတဲ့ ဘာသာစကားပုံစံတွကိုတော့ မျိုးဆက်သစ်နယ်ပယ်မှာ အခြေခံနဲ့ အသုံးချ သုတေသနတွေကို ကျယ်ကျယ် ပြန့်ပြန့်သုံးဖို့ ကျနော်တို့ ပြောနေတာ ပါပဲ” လို့ ပူတင်က ဆက်ပြောခဲ့ပါတယ်။

ရုရှားစူပါကွန်ပြူတာရဲ့ လက်ရှိ ကွန်ပျူတာ စွမ်းရည်ကို အတိုင်းအတာ တခုအထိ ချဲ့ထွင်ရမယ် ဒါဟာ ဉာဏ်ရည်တုမျိုးဆက်ရဲ့ နောက်ထပ်ဖွံ့ဖြိုး တိုးတက်မှု အတွက် အလွန်အရေးကြီးတယ်လို့ လည်း ပူတင်က ပြောခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013