DVB Logo
Home
နိုင်ငံတကာ
အီးယူအဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးရန်  ယူကရိန်းသမ္မတပြော
DVB
·
November 25, 2023
အီးယူအဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးရန်  ယူကရိန်းသမ္မတပြော
Donate to DVB

ယူကရိန်းဟာ ဥရောပသမဂ္ဂ (အီးယူ) အစုအဖွဲ့နဲ့ ပူးပေါင်းဖို့ တရားဝင် စတင် ဆွေးနွေးရေးအပါအဝင် နိုင်ငံတကာမျက်နှာစာမှာ အဓိက အောင်မြင်မှုသုံးခုရဖို့ လိုတယ်လို့ ယူကရိန်းသမ္မတ  ဇလန်းစကီးက နို၀င်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။

“စိန်ခေါ်မှု တခုပါ၊ မလွယ်ပေမယ့် ယူကရိန်းက အရာအားလုံးကို လုပ်ဆောင်နေပါတယ်" လို့ ဇလန်းစကီးက ယူကရိန်းမြို့တော် ကိယက်ဗ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပထမအချက်က အမေရိကန်အောက်လွှတ်တော်နဲ့ ဥရောပသမဂ္ဂတို့က အဓိကအကူအညီ ပေးရေး အစီအစဉ်တွေကို အတည်ပြုဖို့၊ ဒုတိယအချက်ကတော့ ယူရို ၅၀ ဘီလီယံ တန်တဲ့ အစီအစဉ်အတွက် အီးယူရဲ့ အကူအညီရဖို့နဲ့ တတိယအချက်ကတော့ အီးယူရဲ့ အနာဂတ်အဖွဲ့ဝင်ဖြစ်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခု ဖွင့်ဖို့ပါပဲလို့  ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံသားတွေရဲ့ စိတ်ဓာတ်ခွန်အားအတွက် ကောင်းမွန်စေမယ့် လှုပ်ရှားမှုတရပ်အဖြစ် ယူကရိန်းအစိုးရအတွက် ရှည်လျားတဲ့ ဆွေးနွေးမှု လုပ်ငန်းစဉ်ကို တရားဝင်စတင်ဖို့ ဒီဇင်ဘာ ၁၄-၁၅ ရက် ထိပ်သီးအစည်းအဝေးမှာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက သဘောတူဖို့ ယူကရိန်း အစိုးရက မျှော်လင့်ထားပါတယ်။

ဇလန်းစကီးဟာ လတ်ဗီးယားသမ္မတ အဂ္ဂါစရင်းကဲဗစ်ချ်နဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ အီးယူ အကူအညီပေးရေးအစီအစဥ်က အောင်မြင်မှာ သေချာတယ်လို့ ပြောပါတယ်။ ဒီလိုလုပ်ဖို့ က မျှော်လင့်ထားတာထက် ပိုမိုကြာမြင့်နိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013