DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်ကျောင်းသားများ ပါလက်စတိုင်း ထောက်ခံဆန္ဒပြ 
DVB
·
November 25, 2023
ပါကစ္စတန်ကျောင်းသားများ ပါလက်စတိုင်း ထောက်ခံဆန္ဒပြ 
Donate to DVB

ထောင်နဲ့ချီတဲ့ ပါကစ္စတန် ကျောင်းသူကျောင်းသားတွေဟာ အစ္စရေး-ဂါဇာ ပဋိပက္ခမှာ ပါလက်စတိုင်းတွေဘက်က  ထောက်ခံကြောင်း နိုဝင်ဘာလ ၂၃ ရက်က စုဝေးဆန္ဒထုတ်ဖော် ကြပါတယ်။

ဒီဆန္ဒပြပွဲကို ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ္မစ်နိုင်ငံရေးပါတီဖြစ်တဲ့ ဂျာမတ်-အီ-အစ္စလာမ်မီပါတီက စီစဉ်ခဲ့တာဖြစ်ပြီး မြို့တော် အစ္စလာမာဘတ်က ဆန္ဒပြပွဲကို တက်ရောက်လာသူတွေဟာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ပါလက်စတိုင်း လိုလားကြောင်း ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

ပါတီအကြီးအကဲ ဆီရာဂျူလ်ဟက်က တက်ရောက်သူတွေကို မိန့်ခွန်းပြောကြားပြီး အစ္စရေးနိုင်ငံထုတ် ကုန်ပစ္စည်းတွေနဲ့ အစ္စရေးအတွက် အကျိုးရှိစေမယ့် အရာမှန်သမျှကို သပိတ်မှောက်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့မှ သေနတ်သမားတွေက အစ္စရေးနယ်စပ် ခြံစည်းရိုးကို ဖြတ်ကျော်ဝင်ရောက် တိုက်ခိုက်ခဲ့လို့ လူပေါင်း ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၄၀ လောက်ကို ဖမ်းဆီးသွားပြီးနောက် အစ္စရေးက ဂါဇာကို လက်တုံ့ပြန်စစ်ပွဲ ဆင်နွှဲနေတာပါ။

လက်ရှိဖြစ်ပွားနေတဲ့ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့် သေဆုံးသူ ဦးရေဟာ ၁၆၂၀၀ ကျော်သွားပြီဖြစ်ကြောင်း နှစ်ဖက်စလုံးမှ ထုတ်ပြန်တဲ့ တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

အစ္စရေးဘက်ကတော့ အစိုးရအချက်အလက်များအရ လူပေါင်း ၁၂၀၀ လောက် အသက်ဆုံးရှုံးခဲ့ရပြီး ပါလက်စတိုင်းဘက်က  သေဆုံးသူအရေအတွက်က နေ့စဉ်နဲ့အမျှ တိုးလာနေကာ ဒီကနေ့အထိ လူပေါင်း ၁၄၈၅၄ ဦး သေဆုံးခဲ့တယ်လို့ ဟားမတ်စ်မီဒီယာရုံးက ပြောပါတယ်။

 Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013