DVB Logo
Home
နိုင်ငံတကာ
နယူးဒေလီရှိ အာဖဂန်နစ္စတန်သံရုံး ပိတ်သိမ်း 
DVB
·
November 25, 2023
နယူးဒေလီရှိ အာဖဂန်နစ္စတန်သံရုံး ပိတ်သိမ်း 
Donate to DVB

လွန်ခဲ့တဲ့ ၂ နှစ်က တာလီဘန်တွေ ဖြုတ်ချခဲ့တဲ့ အာဖဂန်အစိုးရနေ ခန့်အပ်ထားတဲ့ သံတမန်တွေကို အိမ်ရှင်ဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ဗီဇာသက်တမ်းတိုးခြင်းကို အာမ မခံပေးနိုင်ခဲ့လို့ နယူးဒေလီရှိ အာဖဂန်နစ္စတန်သံရုံးကို ပိတ်လိုက်ပြီ ဖြစ်ကြောင်း သက်တမ်းပြည့်လို့ ထွက်ခွာသွားတဲ့ အာဖဂန်နစ္စတန် သံအမတ်ကြီးက နိုဝင်ဘာ ၂၄ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ တာလီဘန်အစိုးရကို အသိအမှတ်မပြုဘဲ သံအမတ်ကြီး ဖှာရစ်ဒ် မာမွန်ဒ်ဇေနဲ့ သံရုံး ဝန်ထမ်းတွေကို နေထိုင်ခွင့် ဆက်ပေးထားခဲ့ပြီး ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်းနဲ့ အသွားအလာကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်ခွင့်ပြုခဲ့တာပါ။

သံအမတ်ကြီးနဲ့ အကြီးတန်းဝန်ထမ်းတွေဟာ ခိုလှုံခွင့်တောင်းခံဖို့ ဥရောပနဲ့ အမေရိကန်ကို ထွက်ခွာသွားတဲ့အခါ စက်တင်ဘာလမှာ သံရုံးရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

သောကြာနေ့မှာတော့ အာဖဂန်သံရုံးဟာ သံရုံးကို ပိတ်ထားပြီး သော့တွေကို အိမ်ရှင်အစိုးရဆီ ပေးအပ်ထားကြောင်း ပြောကြားထားတဲ့ ကြေညာချက်တစောင်ကို လူမှုမီဒီယာ X မှာ ထုတ်ပြန်ခဲ့ပါတယ်။

အိန္ဒိယအစိုးရနဲ့ တာလီဘန်တို့ နှစ်ဖက်စလုံးမှ ဖိအားတွေကြောင့် ခုလို မဖြစ်မနေ ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်းလည်း ပြောထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တာလီဘန် အာဖဂန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ဒီကိစ္စ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013