DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ဓာတုဗုံး ထပ်သုံးလာဟု ကိုးကန့်ပြော
DVB
·
November 25, 2023
စစ်ကောင်စီတပ်က ဓာတုဗုံး ထပ်သုံးလာဟု ကိုးကန့်ပြော
Donate to DVB

ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ နမ့်စလပ် တောင်ကုန်းစခန်းကို နိုဝင်ဘာ ၂၃ ရက်က စစ်ကောင်စီတပ်က ဓာတု (အဆိပ်)ဗုံး ၄ လုံးနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ရဲ့  မီဒီယာThe Kokang ကထုတ်ပြန်ပါတယ်။

နမ့်စလပ် တောင်ကုန်းစခန်းကို စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံးနဲ့ ပစ်ခတ်တာကြောင့်  MNDAA တပ်ဖွဲ့ဝင် တချို့ ခေါင်းမူးတာ၊ အော့အန်တာတွေ ဖြစ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ တပ်စခန်း ၂၀၀ နီးပါး နဲ့ မြို့နယ် ၉ ခု ကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အတွက်ကြောင့် ဓာတုလက်နက်များဆိုင်ရာ သဘောတူညီချက်ကိုချိုး ဖောက်ပြီး ဓာတုဗုံးတွေကို လက်နက်ကိုင်တော်လှန်‌ရေး အဖွဲ့အစည်းတွေအပေါ်  ၃  ကြိမ်တိုင်တိုင် အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၄ ရက်ကလည်း  TNLA က လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း ဝင်ရောက်သိမ်းပိုက် ချိန် ဓာတုဗုံးတွေနဲ့ တိုက်ခိုက်တာခံရပြီး ၊ နိုဝင်ဘာလ၁၈ ရက်မှာလည်း  TNLA သိမ်းပိုက်ထားတဲ့ တပ်စခန်းတစ်ခုသို့ ဓာတုဗုံးနဲ့ လာ‌ရောက်ပစ်ခတ်ခဲ့တာကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦး အဆိပ်မိခဲ့ရတယ်လို့ ဆိုပါတယ်။ 

MNDAA နဲ့ TNLA တို့က နမ့်စလပ်တိုက်ပွဲမှာ ထိခိုက်တာများလို့ စစ်တပ်က ဓာတုဗုံးသုံးတိုက်ခိုက်တယ်ဆိုပြီး စွပ်စွဲပြောဆိုတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက  စစ်တပ်ဝါဒဖြန့် သတင်းဌာနတွေကတဆင့်တုံ့ပြန်ပြောခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013