DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာအလုပ်သမားအယောက် ၈၀ ဘတ် ၁၀ သိန်းနီးပါး အလိမ်ခံရ
DVB
·
November 24, 2023
ဘန်ကောက်တွင် မြန်မာအလုပ်သမားအယောက် ၈၀ ဘတ် ၁၀ သိန်းနီးပါး အလိမ်ခံရ
Donate to DVB

ထိုင်နိုင်ငံ၊ ဘန်ကောက်မြို့ မင်ဘူလီ‌ဒေသမှာ မြန်မာပွဲစားတဦးက အလုပ်သွင်းပေးမယ်၊ အလုပ်သမားကတ်လုပ်ပေးမယ်ဆိုပြီး မြန်မာအလုပ်သမား ၈၀ ဆီကနေ ထိုင်းဘတ် ၉၆၀,၀၀၀ ယူပြီး ထွက်ပြေးသွားခဲ့တယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

မြန်မာနိုင်ငံသား ပွဲစားမိနန်းဟာ ဩဂုတ်လက မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၈၀ ကို အလုပ်သွင်းပေးဖို့နဲ့ အလုပ်သမားကတ် လုပ်ပေးမယ်ဆိုပြီး တဦးကို ဘတ် ၁၂၀၀၀ စီ တောင်းယူခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေဟာ ထိုင်းပုလိပ်နဲ့တွေ့တဲ့အခါ အလုပ်သမားကတ်လုပ်ဖို့အတွက် စာရင်းတင်ထားတဲ့ (Name List) စာရွက်တွေဟာ အတုဖြစ်နေလို့ ပွဲစားကိုဆက်သွယ်ခဲ့ပေမယ့် ထွက်ပြေးခဲ့တာကြောင် WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူတဦးက "အလုပ်သမားအယောက် ၈၀ က ဘတ်လုပ်ပေးမယ်ဆိုပြီး ပွဲစားက ပိုက်ဆံတောင်းယူသွားခဲ့ပေမယ့် Name List တွေက အကုန်အတုတွေဖြစ်နေတယ်။ အလုပ်သမား တွေ အလုပ်လည်းမရှိသေးတဲ့အပြင် ဘတ်ရိုက်ဖို့အတွက် ကိုင်ဆောင်ထားတဲ့ Name List တွေက အတုတွေဖြစ်နေတယ်။ အလုပ်သမား ၈၀ ထဲ ၂၀ က ပုလိပ်ဖမ်းဆီးခံခဲ့ရတယ်။ ပွဲစား အခု ထွက်ပြေးသွားတဲ့အတွက် ကျန်တဲ့သူတွေက ကျနော်တို့ကို ဆက်သွယ်ပြီး အကူအညီတောင်းခဲ့တဲ့အတွက် ကူညီပေးခဲ့တာ" လို့ပြောပါတယ်။

မြန်မာနိုင်ငံသား ၆၀ ဟာ ထိုင်းနိုင်ငံက အလုပ်သမားကတ်ပြန်လုပ်လို့ရတဲ့အချိန် ပုလိပ်အဖမ်းမခံရအောင် လုံခြုံတဲ့နေရာမှာ နေထိုင်စေပြီး ကူညီစောင့်ရှောက်ထားပေးတယ်လို့ သူက ဆက်ပြောပါတယ်။

ပုလိပ်ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၂၀ ကိုတော့ ထိုင်းအာဏာပိုင်တွေက အထောက်အထား စာရွက်စာတမ်းမရှိတာကြောင့် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပါတယ်။

အလုပ်သမားတွေထံမှ ငွေလိမ်သွားတဲ့ မြန်မာပွဲစားမိနန်းကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်သွားမယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013