DVB Logo
Home
နိုင်ငံတကာ
အလုပ်အကိုင်များ ဖန်တီးပေးမည်ဟု အီကွေဒေါ သမ္မတသစ် ကျမ်းကျိန်ပွဲ၌ ကတိပြု
DVB
·
November 24, 2023
အလုပ်အကိုင်များ ဖန်တီးပေးမည်ဟု အီကွေဒေါ သမ္မတသစ် ကျမ်းကျိန်ပွဲ၌ ကတိပြု
Donate to DVB

အီကွေဒေါနိုင်ငံရဲ့ သမ္မတသစ် ဒန်နီရယ် နိုဘိုအာဟာ နိုဝင်ဘာ ၂၃ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အကြမ်းဖက်မှုတွေ လျော့ကျရေးနဲ့ ဥပဒေပြုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကတဆင့် အလုပ်အကိုင်တွေ ဖန်တီးပေးရေးကို ကတိပြုခဲ့ပါတယ်။ 

စီးပွားရေး အမွေဆက်ခံသူလည်းဖြစ်တဲ့ ဥပဒေပြုလွှတ်တော်အမတ်ဟောင်း အသက် ၃၅ နှစ်အရွယ် နိုဘိုအာဟာ အီကွေဒေါနိုင်ငံရဲ့ အောက်တိုဘာလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။

နိုဘိုအာက“အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့က အလုပ်လက်မဲ့ ဖြစ်မှုကို တိုက်ဖျက်ရမှာ ဖြစ်သလို တိုင်းပြည်က အလုပ်အကိုင်တွေ လိုအပ်နေပြီး အဲဒါတွေကို ဖန်တီးပေးဖို့ လွှတ်တော်ကို အရေးပေါ် ပြုပြင် ပြောင်းလဲမှုတွေ ပေးပို့သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ဟာ တာဝန်သိသိနဲ့ တိုင်းပြည်အရေးကို ဦးစားပေးရမယ်” လို့ ပြောပါတယ်။ 

အီကွေဒေါသမ္မတသစ် ဒန်နီရယ် နိုဘိုအာဟာ နိုဝင်ဘာ ၂၃ ရက်က ကျား၊မ နဲ့ အသက်အရွယ် ကွဲပြားမှုတွေပေါ် ရွေးချယ်ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့သစ်ကို ခန့်အပ်လိုက်ပြီး သူ့ရဲ့အစိုးရ အဖွဲ့သစ်မှာ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှာ အသက် ၂၆ နှစ်အရွယ် ဆာဒေး ဖရစ်ချီ နာရန်ဟို က အသက်အငယ်ဆုံး ၀န်ကြီးဖြစ်လာပါတယ်။

သူ့အရင်သမ္မတ ဂီလာမို လာ့ဆိုဟာ နောက်ပိုင်း စွပ်စွဲပြစ်တင်ဖွယ်ရှိမှုတွေကို ရှောင်ရှားဖို့အတွက် ရွေးကောက်ပွဲတွေကို စောပြီးကျင်းပခဲ့တာဖြစ်ပြီး သူရဲ့ သက်တမ်းအပြီးမှာ နိုဘိုအာဟာ သမ္မတအဖြစ် ၁၇ လ သာ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ 

နိုဘိုအာဟာ ၂၀၂၅ ခုနှစ် ပြန်လည်ရွေးကောက်ပွဲမှာ ဝင်အရွေးခံနိုင်ပေမယ့်လည်း သက်တမ်းချုံ့ထားတဲ့ ရာထူးကာလအတွင်း အီကွေဒေါရဲ့ အရေးပါတဲ့ စိန်ခေါ်မှုတွေကို ထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ခက်ခဲမှာဖြစ်ကြောင်း အကဲခတ်တွေက ပြောကြပါတယ်။ 

တောင်အမေရိကနိုင်ငံမှာ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေကြောင့် နက်ရှိုင်းတဲ့ စီးပွားရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီးတော့ သမ္မတလောင်း ဖှာနန်ဒို ဗီလာဗင်ဆန်စီယို အသတ်ခံရမှုနဲ့အတူ မကြုံစဖူး ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေလည်း မြင့်တက်နေတာ ဖြစ်ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013