DVB Logo
Home
မြန်မာသတင်း
ထိုင်းအလုပ်ရှင်က မြန်မာအလုပ်သမား ၂၀၀ ကျော်ကို လုပ်ခလစာမရှင်းပေး
DVB
·
November 24, 2023
ထိုင်းအလုပ်ရှင်က မြန်မာအလုပ်သမား ၂၀၀ ကျော်ကို လုပ်ခလစာမရှင်းပေး
Donate to DVB

ထိုင်းနိုင်ငံ၊ လရောင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားဝင်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၃၇ ဦးကို အလုပ်ရှင်က ၂ လစာနီးပါး လုပ်ခလစာမရှင်းပေးဘူးလို့ မြန်မာအလုပ်သမားသံအရာရှိရုံးက နိုဝင်ဘာ ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လရောင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ APL 88 ကုမ္ပဏီကတဆင့် သွားရောက်အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား အမျိုးသား ၁၃၇ ဦးနဲ့ အမျိုးသမီး ၁၃၀ တို့ကို ထိုင်းအလုပ်ရှင်က လုပ်ခလစာမရှင်းပေးတဲ့အတွက် ဒေသခံထိုင်းလူမျိုးတွေကနေ တဆင့် မြန်မာအလုပ်သမားသံအရာရှိရုံးဆီကို အကူအညီတောင်းခံခဲ့ပါတယ်။

အလုပ်သမားသံအရာရှိရုံးက နိုဝင်ဘာ ၁၁ ရက်နေ့မှာ သွားရောက်မေးမြန်းစုံစမ်းခဲ့ရာ လစာမရရှိတာ ၂ လနီးပါးကြာပြီးဖြစ်တယ်လို့ သိရှိရတဲ့အတွက် ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်ရုံး)မှာ တိုင်ကြားပေးခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ ကူညီပေးမှုကြောင့် ဆာဝါဒီကန်ရုံးက အမှုကိုလက်ခံခဲ့ပြီး  အလုပ်သမား ၂၀၀ ကျော်ကို ၂ လနီးပါး လုပ်ခလစာမပေးတာနဲ့ ပတ်သက်လို့ အလုပ်ရှင်ကို ရုံးသို့ ဆင့်ခေါ်ခဲ့ ပါတယ်။

ထိုင်းလူမှုဖူလုံရေးအဖွဲ့တွေကလည်း မြန်မာအလုပ်သမား ၂၃၇ ဦးကို အစားအသောက်တွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့  မြန်မာအလုပ်သမားသံအရာရှိရုံးက  ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဆာရာဘူရီမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆောက်လုပ်ရေးကုမ္ပဏီတခုမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၅၀ ကို အလုပ်ရှင်က ၂ လစာ လစာမရှင်းပေးလို့ ပို့ဆောင်ပေးတဲ့ အေးဂျင့်နဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့တို့က ပူပေါင်း ဖြေရှင်းပေးခဲ့ပါတယ်။

Phot. Myanmar Labor Attache Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013