DVB Logo
Home
နိုင်ငံတကာ
ပြည်နှင်ဒဏ်ပေးမှု ရပ်တန့်ရန် ပါကစ္စတန်ကို ကုလတောင်းဆို
DVB
·
November 24, 2023
ပြည်နှင်ဒဏ်ပေးမှု ရပ်တန့်ရန် ပါကစ္စတန်ကို ကုလတောင်းဆို
Donate to DVB

အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံက အများအပြားအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား တွေကို အတူစုရုံး နှင်ထုတ်မယ့် ပါကစ္စတန်နိုင်ငံရဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက နိုဝင်ဘာ ၂၂ ရက် ထုတ်ဖော်ပြောကြားခဲ့ပြီး ဒီလုပ်ငန်းစဉ်ကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ ချမ်းအေးတဲ့ ဆောင်းရာသီကို ဝင်ရောက်လာပြီဖြစ်တာကြောင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေမှာ သွားစရာနေရာ မရှိဘဲ ဆိုးရွားတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေကို ပိုပြီးဆိုးရွားစေတာကြောင့် ပြည်နှင်ဒဏ် ပေးတာ ရပ်တန့်ပေးဖို့ ပါကစ္စတန်ကို တောင်းဆိုထားကြောင်း UNHCR ဒေသဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ က ပြောကြားခဲ့ပါတယ်။

အစ္စလာမာဘတ်အစိုးရဟာ ပါကစ္စတန် ဆန့်ကျင်ရေး စစ်သွေးကြွတွေကို စွဲချက်တင်ထားမှုနဲ့ ပတ်သက်ပြီး ကဘူးလ်နဲ့ အချင်းများနေချိန်မှာပဲ အာဖဂန်အများစုအပါအဝင် အထောက်အထားမဲ့ ဒုက္ခသည် ၁ သန်းကျော်ကို နှင်ထုတ်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်ကတည်းက အာဖဂန်နိုင်ငံသား ၃၇၀,၀၀၀ ကျော်  ပါကစ္စတန်ကနေ ထွက်ခွာခဲ့ကြပါတယ်။

စာရွက်စာတမ်း အထောက်အထားရှိတဲ့ ဒုက္ခသည်တွေကတော့ ကင်းလွတ်ခွင့်ရှိတယ်လို့  ပါကစ္စတန်က ပြောပေမဲ့ စာရွက်စာတမ်း အမှန်အကန်ရှိသူတွေလည်း ပစ်မှတ်ထားခံခဲ့ရပါတယ်။

မှတ်တမ်းတင်ထားတဲ့ ဒုက္ခသည်တွေကို နှောင့်ယှက်တာဟာ ရှားရှားပါးပါးဖြစ်ပြီး ကျူးလွန်သူတွေ ကို အရေးယူနေတယ်လို့ ပါကစ္စတန်က ပြောပါတယ်။

ဒါပေမဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို စစ်ဆေးဖို့ မြို့အသီးသီးမှာ ရှာဖွေရေးတွေ ဆက်လုပ် ဆောင်နေကြပြီး အများစုဟာ နိုင်ငံအတွင်း ဆယ်စုနှစ်များစွာ နေထိုင်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။

 Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013