DVB Logo
Home
မြန်မာသတင်း
တရားမဝင် ဂြိုဟ်တုဆက်သွယ်ရေး အသုံးပြုလျှင် အရေးယူမည်ဟု စစ်ကောင်စီ ထုတ်ပြန်
DVB
·
November 23, 2023
တရားမဝင် ဂြိုဟ်တုဆက်သွယ်ရေး အသုံးပြုလျှင် အရေးယူမည်ဟု စစ်ကောင်စီ ထုတ်ပြန်
Donate to DVB

ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းတွေနဲ့ တရားမဝင် ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်း တွေကို လိုင်စင်မရှိဘဲ ဝန်ဆောင်မှုပေးတာ၊ တပ်ဆင်အသုံးပြုတာ၊ လက်ဝယ်ထားရှိတာ၊ အသုံးပြု တာတွေ မလုပ်ဖို့နဲ့ တားမြစ်ထားတာကို ဖောက်ဖျက်ပါက ဆက်သွယ်ရေးဥပဒေနဲ့အညီ အရေးယူ သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုတွေကို တရားမဝင်ဆောင်ရွက်နေပြီး သုံးစွဲသူတွေအနေနဲ့ တရားမဝင် ရယူသုံးစွဲနေကြောင်း တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၅ နဲ့ လှိုင်းနှုန်းစဉ်ဆိုင်ရာ နည်းဥပဒေ ၅၂ (ဂ) တို့မှာ ပြည်တွင်းပြည်ပမှာ ပုဂ္ဂိုလ်၊ ဌာနနဲ့ အဖွဲ့အစည်းတွေဟာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတခုခုကို တည်ထောင် လုပ်ကိုင်လိုတဲ့အခါနဲ့ နိုင်ငံတကာဂြိုဟ်တု အော်ပရေတာတွေဟာ အမှန်တကယ်သုံးစွဲသူတွေကို ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုပေးဖို့ လုပ်ငန်းလိုင်စင်လျှောက် ထားရမယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၁၃ နဲ့ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၃၃ (က) တို့အရလည်း ဂြိုဟ်တုဆက်သွယ်ရေး ပစ္စည်းတွေ (ဥပမာ - ဂြိုဟ်တုဖုန်း၊ ရေဒါဆက်သွယ်ရေးပစ္စည်းတွေနဲ့ စပ်ဆက်ကိရိယာတွေ၊ ရေဒီယိုဆက်သွယ်ရေးပစ္စည်းတွေ (MF၊ HF၊ VHF၊ UHF လှိုင်းနှုန်းများ) လက်ဝယ်ထားရှိဖို့နဲ့ အသုံးပြုဖို့အတွက် ဆက်သွယ်ရေးပစ္စည်းဆိုင်ရာ လိုင်စင်ရှိဖို့ လိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို တားမြစ်ထားတာတွေကို ဖောက်ဖျက်ပြီး ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းတွေနဲ့ တရားမဝင် ဂြိုဟ်တုဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်တွေကို လိုင်စင်မရှိဘဲ ဝန်ဆောင်မှုပေးတာ၊ တပ်ဆင်အသုံးပြုတာ၊ လက်ဝယ်ထားရှိတာ၊ အသုံးပြုတာတွေ စစ်ဆေးတွေ့ရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့အညီ တရားစွဲဆိုအရေးယူသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013