
ဂါဇာကမ်းမြောင်ဒေသက တိုက်ပွဲတွေကို လေးရက်ကြာ ရပ်ဆိုင်းထားဖို့ ဟားမတ်စ်နဲ့ အစ္စရေးတို့ သဘောတူခဲ့တယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
စစ်ပွဲ ခဏရပ်မယ့်အချိန်ကို လာမယ့် ၂၄ နာရီအတွင်း ထုတ်ပြန်ကြေညာဖို့ရှိပြီး ၄ ရက် ကြာပြီးနောက် အပစ်ရပ်ကာလကို သက်တမ်းတိုးနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ကာတာ၊ အီဂျစ်နဲ့ အမေရိကန်တို့က ကြားဝင်ဖျန်ဖြေပေးတဲ့ စစ်ပွဲ ခဏရပ်နားထားတဲ့ အချိန်အတောအတွင်း ဂါဇာကမ်းမြောင်မှာ လက်ရှိဖမ်းထားတဲ့ အရပ်သားအမျိုးသမီးနဲ့ ကလေးသူငယ် ဓားစာခံ အယောက် ၅၀ ကို လွှတ်ပေးရေး၊ အစ္စရေးအကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေး အများအပြားကို လွှတ်ပေးဖို့ လဲလှယ်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
သဘောတူညီချက်ကို အကောင်အထည်ဖော်တဲ့ နောက်ပိုင်းမှာ လွှတ်ပေးမယ့် အကျဉ်းသား အရေအတွက် တိုးလာမယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
Source/Photo - Reuters










