DVB Logo
Home
မြန်မာသတင်း
သီပေါမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး မြို့ထဲလက်နက်ကြီးကျ ၊ ရွာသားများ ရာနှင့်ချီ စစ်ဘေးရှောင် 
DVB
·
November 22, 2023
သီပေါမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး မြို့ထဲလက်နက်ကြီးကျ ၊ ရွာသားများ ရာနှင့်ချီ စစ်ဘေးရှောင် 
1 / 4
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ထဲမှာ  နိုဝင်ဘာ ၂၂ ရက် က စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ TNLA တအာင်းအမျိုးသားတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပြီး မြို့ထဲလက်နက်ကြီးကျည်ကျကာ လူ ၁ ဦး သေဆုံး ၃ ဦး ဒဏ်ရာရသွားပါတယ်။ 

ဒီမနက်စောစော ၅ နာရီကျော်လောက်ကတည်းက သီပေါမြို့ပြင် ကျင်သီတံတားအနီးနဲ့ မန်လွိုင်ကျေးရွာဘက်မှာ ပစ်ခတ်သံတွေ စကြားရပြီး တဖြည်းဖြည်းမြို့ထဲနီးကပ်လာကြောင်း ၊ ဒီနောက် စံဖိတ်ရပ်ကွက်ထဲကို လက်နက်ကြီးကျည်ကျပြီး လူ ၁ ဦးပွဲချင်းပြီး သေဆုံး ၃ ဦးဒဏ်ရာပြင်းထန် ၅ ဦးက မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ သီပေါမြို့ခံက ပြောပါတယ် ။  

“စံဖိတ်ရပ်ကွက်ထဲကို လက်နက်ကျည် လေး လုံးကျတယ်။ ဘယ်ဘက်ကပစ်တဲ့ကျည်လဲတော့ မသိပါဘူးခင်ဗျ။ ပရိဘောဂလုပ်တဲ့ အိမ် တအိမ်ကိုထိပြီး အိမ်ရှင် ဦးဉာဏ်ဌေးက  ပွဲချင်းပြီး ဆုံးသွားပါတယ်။ နောက်ထပ် သုံးယောက်က ဒဏ်ရာပြင်းထန်ပြီး ပရဟိအဖွဲ့တွေက လားရှိုးဆေးရုံကိုပို့လိုက်တယ်။  အဲဒီထဲမှာ နှစ်ယောက်က စိုးရိမ်ရတယ်လို့ပြောတယ်။ နောက်ထပ် ၅ ယောက်ကတော့ ဒဏ်ရာနည်းနည်းပါးပါးပဲရပြီး  သီပေါဆေးရုံမှာ ဆေးထည့်ရ တယ်လို့ သိရပါတယ်။ ”

မနက်ကတိုက်ပွဲတွေကြောင့် မန်လွိုင်နဲ့ နမ့်ဆိမ်ကျေးရွာက ရွာသားတွေ သီပေါ နောင်ကတ်ဘုန်းကြီးကျောင်းကို ရာနဲ့ချီစစ်ဘေးရှောင်လာပြီး လူဦးရေစာရင်းကောက်နေဆဲမို့ အတိအကျမသိရသေးပါဘူး။

ဘိုးတော်ကျောင်းတိုက်မှာလည်း စစ်ရှောင်အချို့ရောက်နေကြပြီး  ခါလိုင်းရွာသားတွေဟာ လည်း စစ်ဘေးရှောင်ချင်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို လာကြိုပေးဖို့ အကြောင်းကြားထားပေမဲ့  ကယ်ဆယ်ရေးဘက်ကတော့ တိုက်ပွဲတွေဖြစ်နေလို့ သွားခေါ် လို့ မရသေးဘူးလို့ ဆိုပါတယ်။

သီပေါမြို့အဝင် မုဥ်ဦးနားမှာလည်း မပေါက်ကွဲသေးတဲ့ ဗုံး ၁ လုံးရှိပြီး ဘယ်အဖွဲ့အစည်းကမှ လာရောက်ရှင်းလင်းပးတာမရှိလို့ ဘယ်သူမှလည်း အနားမကပ်ရဲဘူးလို့ ဆိုပါတယ် ။ 

ဒီကနေ့ ပစ်ခတ်သံတွေဟာ မနက် ၅ နာရီကနေ မွန်းလွဲ ၁ နာရီကျော်ထိ ကြားရပြီး ညနေပိုင်းငြိမ်နေပေမယ့် ညကျရင် TNLA က သီပေါမြို့ထဲဝင်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် မြို့နေလူထုတွေကြား စိုးရိမ်စိတ်တွေကြီးမားနေတယ်လို့ ဒေသခံက ပြောသွားပါတယ်။

သီပေါမြို့နယ် ကျင်တီတံတားမှာ စစ်ကောင်စီတပ်နဲ့  TNLA တို့ ဒီမနက် ၆ နာရီခွဲလောက်က တိုက်ပွဲဖြစ်ပွားခဲ့သလို နမ့်ခမ်းမြို့ စစ်ကောင်စီ စခန်းသစ်ကုန်းမှာလည်း  စစ်ကောင်စီတပ်နဲ့ TNLA တို့ ဒီမနက် ၈ နာရီ ၄၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။

တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့နယ် စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကိုလည်း မနေ့ မနက် ၆ နာရီ ၄၅ မိနစ်လောက်က  တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013