DVB Logo
Home
မြန်မာသတင်း
တီးတိန် ကနေဒီတောင်တပ်စခန်းကို PDF Zoland သိမ်းပိုက်၊ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ တပ်သား ၁၂ ဦး ဖမ်းမိ
DVB
·
November 22, 2023
တီးတိန် ကနေဒီတောင်တပ်စခန်းကို PDF Zoland သိမ်းပိုက်၊ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ တပ်သား ၁၂ ဦး ဖမ်းမိ
1 / 2
Donate to DVB

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ကလေး-တီးတိန် ကားလမ်းမပေါ် ကနေဒီတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို PDF Zoland က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်သား ၁၂ ဦး ဖမ်းဆီးမိခဲ့တယ်လို့ PDF Zoland  အဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၂၁ ရက် မနက်  ၄ နာရီလောက်မှာ  PDF Zoland က တပ်ဖွဲ့ဝင်အင်အား ၁၀၀ နီးပါးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၆ နာရီမှာ ကနေဒီတောင်တပ်စခန်းကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကနေဒီတပ်စခန်းက ကလေးမြို့အခြေစိုက် ခလရ-၂၆၉ တပ်ရင်းရဲ့ ၂၀၂၁ ခုနှစ်လောက်စစ်အာဏာသိမ်းပြီးမှချထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီ တပ်သားအင်အား ၂၀ ကျော်ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ PDF Zoland တာဝန်ရှိသူတွေက ပြောပါတယ်။

PDF Zoland တာဝန်ရှိသူက “ကနေဒီတပ်စခန်းကတီးတိန်မှာ အတော် အချက်အချာကျတယ်၊ တောင်ထိပ်ကနေပစ်ရင်လည်း အသာစီးရတာပေါ့။ တိုက်ပွဲအတွင်းမှာ စခန်းအသိမ်းခံရတော့ ထွက်ပြေးတဲ့ စစ်သား ၁၂ ယောက်ကို ဖမ်းမိထားတယ်။ မနေ့က သိမ်းပြီးကတည်းက ပစ္စည်းတွေသိမ်းပြီး၊ စခန်းက ဘန်ကာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ ပြောပါတယ်။

ကနေဒီတောင်တပ်စခန်း စခန်းသိမ်းတိုက်ပွဲအတွင်းမှာ PDF Zoland က တပ်ဖွဲ့ဝင်ရဲဘော် Pau Tawng ကျဆုံးခဲ့ပါတယ်။

ကနေဒီတောင် (လေသာတောင်) ဟာ ချင်းပြည်နယ်ရဲ့ ဒုတိယအမြင့်ဆုံးတောင်ဖြစ်ပြီး အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး ကလေး-တီးတိန် ကားလမ်းမကြီးဘေးမှာ တည်ရှိတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013