DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် မိုးပျံရထား ပန်းရောင်လိုင်းသစ် ဖွင့်လှစ် 
DVB
·
November 22, 2023
ဘန်ကောက်တွင် မိုးပျံရထား ပန်းရောင်လိုင်းသစ် ဖွင့်လှစ် 
Donate to DVB

 

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် Pink Line Train မိုးပျံရထား ပန်းရောင်လိုင်းအသစ် ၁ လိုင်းကို နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက စတင်ဖွင့်လိုက်ပါတယ်။

အများပြည်သူအတွက် မပြေးဆွဲခင် မနက်ပိုင်းမှာ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရိယကျင်ရုန့်ရိန်းကျစ်နဲ့ တာဝန်ရှိသူတွေဟာ မိုးပျံရထားကို ခဲလိုင်းဘူတာမှ မင်ဘူရီဘူတာထိ မိနစ် ၃၀ ကြာ စမ်းသပ်စီးနင်းခဲ့ကြပါတယ်။ 

အခုလို အများပြည်သူတွေ ခရီးသွားလာရပိုအဆင်ပြေအောင် စီစဉ်တည်ဆောက်ပေးခဲ့တဲ့ တာဝန်ရှိသူတွေနဲ့ တာဝန်ယူတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီကို ဝန်ကြီးချုပ်က အထူးကျေးဇူး တင်ရှိကြောင်း၊  လမ်းပမ်းဆက်သွယ်ရေးလွယ်ကူချောမွေ့ခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေလည်း တိုးပွားလာမှာဖြစ်တယ်၊  အများပြည်သူတွေကို အခမဲ့စီးနင်းခွင့်ပြုတဲ့ ကာလကိုလည်း နှစ်သစ်ကူးထိ တိုးမြှင့်ပေးဖို့ ဝန်ကြီးချုပ်က အကြံပြုထားပါတယ်။ 

ပန်းရောင်မိုးပျံရထားလိုင်းဟာ နွန်ထပူရီဘူတာကစပြီး မင်ဘူရီဘူတာမှာ ဂိတ်ဆုံးကာ ကြားထဲမှာ ဘူတာပေါင်း ၃၀ ဘူတာရှိပါတယ်။ ရထားပေါင်း အစီး ၂၀  ရှိပြီး  ၁၀  မိနစ် ၁ ကြိမ် တာ ထွက်ပါတယ်။

မနေ့ညနေ ၃ နာရီကနေ ဒီဇင်ဘာလ ၁၇ ရက်အထိ နေ့စဉ် မနက် ၆ နာရီမှ ည  ၈ နာရီတွင်း အများပြည်သူတွေကို အခမဲ့စီးနင်းခွင့်ပြုပြီး ရထားလက်မှတ်တွေကို လက်မှတ်အ ရောင်းကောင်တာနဲ့ အလိုအလျောက်စက်ကနေလည်း ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ် ။ 

အဲဒီနောက်ပိုင်း ရထားစီးခကို ခရီးအနီးအဝေးအလိုက် အနည်းဆုံး ၁၅ ဘတ်မှ အများဆုံး ၄၅ ဘတ်ထိကောက်ခံမှာဖြစ်ပြီး  နေ့စဉ်ရထားပြေးဆွဲချိန်ကိုလည်း ည ၁၀ နာရီထိလည်းကောင်း ၊ သန်းခေါင်ယံထိလည်းကောင်း အဆင့်ဆင့် တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။ 

အဆိုပါ ပန်းရောင်မိုးပျံရထားကို ထိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန နဲ့ NBM ( Nothern Bangkok Monorail ) ကုမ္ပဏီတို့ ပူးပေါင်းပြီး ကုန်ကျငွေ ဘတ်သန်းပေါင်း ၅၃၄၉၀ နဲ့ အချိန် ၃ နှစ် ၃ လကြာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ 

ဘန်ကောက်မှာ ဒီမတိုင်ခင်ကလည်း  နယ်မြေကိုလိုက်ပြီး ခရမ်းရောင်မိုးပျံရ‌ထားလိုင်း၊ အနီရင့်ရောင်၊ မီးခိုးရောင် ၊ လိမ္မော်ရောင် ၊ အစိမ်းရောင်စတဲ့ မိုးပျံရထားလိုင်းတွေ ရှိကာ ပန်းရောင်ရထားလိုင်းဟာ အရင်ရှိပြီးသား မိုးပျံရထားဘူတာ ၇ ခုနဲ့  ဆုံရပ်ရှိတာကြောင့် လိုရာခရီးကို ရထားပြောင်းစီးသွားလာနိုင်မှာ ဖြစ်ပါတယ်။ 

Source: PPTV/THAI PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013