DVB Logo
Home
နိုင်ငံတကာ
အစ္စရေး စစ်တပ်စခန်းများအား တိုက်ခိုက်ခဲ့သည့်ဗွီဒီယို ဟစ်ဇ်ဘိုလာအဖွဲ့ ထုတ်ပြန်
DVB
·
November 22, 2023
အစ္စရေး စစ်တပ်စခန်းများအား တိုက်ခိုက်ခဲ့သည့်ဗွီဒီယို ဟစ်ဇ်ဘိုလာအဖွဲ့ ထုတ်ပြန်
Donate to DVB

လက်ဘနွန်နိုင်ငံ အခြေစိုက် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာက နိုဝင်ဘာ ၁၉ ရက်နဲ့  ၂၀ ရက် တို့မှာ လက်ဘနွန် နယ်စပ်က အစ္စရေးစစ်တပ်စခန်းတွေအား တိုက်ခိုက်တဲ့ ဗွီဒီယိုတခု  ထုတ်ပြန်ပြသခဲ့ပြီး ရိုက်ကူးတဲ့နေရာ နဲ့ ရက်စွဲကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဟစ်ဇ်ဘိုလာရဲ့ ပါလက်စတိုင်းမဟာမိတ် ဟားမတ်စ်က အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့လို့ အစ္စရေးက ဂါဇာကမ်းမြှောင်ကို လက်စားချေဖို့ စတင်တိုက်ခိုက်ပြီးတဲ့နောက် အစ္စရေးနဲ့ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ 

အစ္စရေး-လက်ဘနွန်နယ်စပ်မှာ အကြမ်းဖက်မှုတွေ အရှိန်မြင့်လာပြီးနောက် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေ ကျယ်ပြန့်လာမှာကို အနောက်နိုင်ငံတွေက ပိုတိုးစိုးရိမ်လာနေပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ၂၀၀၆ ခုနှစ် စစ်ပွဲနောက်ပိုင်း အခုတကြိမ်ဟာ နယ်စပ်မှာ အဆိုးရွားဆုံး တိုက်ပွဲဖြစ်ပွားနေတာပါ။ အခုအချိန်အထိ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၇၀ ကျော်၊ လက်ဘနွန် အရပ်သား ၁၃ ဦး၊ အစ္စရေးတပ်ဖွဲ့ဝင် ၇ ဦးနဲ့ အစ္စရေး အရပ်သား ၃ ဦး သေဆုံးခဲ့ပြီလို့ သိရပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013