DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်မြို့၌ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူအချို့ သေဆုံး ဒဏ်ရာရ 
DVB
·
November 22, 2023
လောက်ကိုင်မြို့၌ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူအချို့ သေဆုံး ဒဏ်ရာရ 
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ တုန်ချိန်ဘက်ရှိ မြို့အဝင်အထွက် ဂိတ်အနီး နိုဝင်ဘာ ၂၂ ရက် ဒီမနက်ပိုင်း ၉ နာရီလောက်က လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ ၃  ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း  ရှိနေပါတယ်။

ဘယ်အဖွဲ့ကမှန်းမသိ ပစ်ခတ်တဲ့လက်နက်ကြီးကျည် မြို့အဝင်အထွက်နားမှာကျရောက် ပေါက်ကွဲခဲ့လို့  ကားတစီးလုံး ပျက်စီးသွားခဲ့သလို  အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အများပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လောက်ကိုင်မြို့က  ရွှေ့ပြောင်းလုပ်သားတဦးက ပြောပါတယ်။

“လူ သုံးယောက်ကတော့ ပွင့်ထွက်ပြီး တစ်စီဖြစ်နေတယ်။ ကျန်တဲ့သူတွေကတော့ ဆေးရုံရောက်ကုန်ပါပြီ။  ဆေးရုံရောက်တဲ့ လူတွေတော့ အတိအကျ မသိပါဘူး။”

လောက်ကိုင်မြို့ တုန်ချိန်အဝင် ကျားခြံတိုက်နီ ရှေ့နားမှာ လက်နက်ကြီးကျလို့ အိမ်စီးကားပေါ်ထိမှန်ပြီး လိုက်ပါလာသူတွေ သေဆုံးခဲ့ရတယ်လို့  နောက်ထပ် ဒေသခံတစ်ယောက်က ပြောပါတယ်။

ကိုယ်တိုင်တွေ့မြင်ထားတဲ့ဒေသခံက “ဟွန်ဒါဖစ်ဆိုက်လောက်လေး ကားလေးတစ်စီးတော့ ပြားကပ်နေတာပဲ။ အိမ်ပြန်ကြတဲ့ ကားထင်တယ်။ လေးယောက်လို့ ကြားတယ်။ ခေါင်းနဲ့ ကိုယ် တခြားစီပဲရှင့်”လို့ ပြောပါတယ်။

အရင်က လောက်ကိုင်မြို့ပြင်မှာ တိုက်ပွဲတွေ၊ လက်နက်ကြီးပစ်တာတွေရှိခဲ့ပေမဲ့ မြို့ထဲ လက်နက်ကြီးကျတာတော့ ပထမဆုံးအကြိမ်ပဲလို့ သူကဆိုပါတယ်။

“လူတစ်ယောက်ကတော့ လမ်းဘေးမှာ လဲနေတုန်းပဲ။ ဆေးရုံပို့မယ့်ကားတွေ ဘာတွေ မရှိဘူး။ စောနက ခေါ်တာ တော်တော်ကြာမှ ရောက်လာတာတွေ့တယ်” လို့ ပြောပြတယ်။

ကိုးကန့်တပ်မတော် MNDAA ဘက်ကို မေးမြန်းရာမှာတော့  ပေါက်ကွဲမှုဖြစ်တာ မှန်ကန်ကြောင်းနဲ့ စစ်ကောင်စီဘက်က ပစ်ခတ်တာလို့  ဒီဗွီဘီကို  ပြောပါတယ်။

လောက်ကိုင်မြို့ထဲ ပိတ်မိနေကြသူတွေထဲက တချို့ဟာ အခုရက်ပိုင်းအတွင်း မိမိအစီအစဉ်နဲ့ နေရပ်ပြန်ဖို့ စီစဉ်နေကြတဲ့အချိန် အခုလိုမြို့ထဲ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။

လောက်ကိုင်မြို့ထဲ နေရာအနှံ့ လက်နက်ကိုင်တပ်တွေ လုံခြုံရေးယူထားပြီး စစ်အုပ်ချုပ်ရေး ကြေညာထားတာကြောင့် ည ၆ နာရီကျော် အပြင်မထွက်ရသလို စစ်ကောင်စီတပ်ရော၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေပါ မြို့ကိုပိတ်ထားတဲ့အတွက် ဒေသခံတွေနဲ့ လောက်ကိုင်မြို့မှာ သွားရောက်အလုပ်လုပ်ကြသူ သောင်းချီ ပိတ်မိနေတာဖြစ်ပါတယ်။

တလနီးပါး ပိတ်ဆို့ခံထားရတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ၊ လောက်ကိုင်မြို့ကို ခေတ္တဖွင့်ပေးဖို့‌ ဒေသခံတွေနဲ့ မြန်မာပြည် ရွှေ့ပြောင်းလုပ်သားတွေက တောင်းဆိုနေကြပါတယ်။

ကိုယ့်အစီအစဉ်နဲ့ ပြန်ကြသူတွေထဲမှာလည်း မိမိနေရပ်ကို ပြန်ရောက်သူတွေရှိသလို လမ်းမှာပဲ ပိတ်မိပြီး အဆက်အသွယ်ပြတ်တောက်နေသူတွေလည်း အများအပြားရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013