DVB Logo
Home
အားကစား
ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ကိစ္စအပေါ်  မှတ်ချက်ပေးဖို့ အမ်ဘာပေ ငြင်းဆန်
DVB
·
November 22, 2023
ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ကိစ္စအပေါ်  မှတ်ချက်ပေးဖို့ အမ်ဘာပေ ငြင်းဆန်
Donate to DVB

ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ကိစ္စအပေါ်  မှတ်ချက်ပေးဖို့ အမ်ဘာပေက ငြင်းဆန်သွားပါတယ်။

ပြင်သစ်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေချိန်မှာ မက်ဒရစ်နဲ့ အပြောင်းအရွှေ့ကိစ္စအပေါ် မီဒီယာတစ်ဦးက မေးမြန်းခဲ့ရာမှာ အမ်ဘာပေက ဖြေကြားဖို့ အချိန်ကောင်း မဟုတ်သေးဘူးလို့ ပြန်လည်ပြောပြသွားတာပါ။

ပြီးခဲ့တဲ့ဇွန်လကတည်းက ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်ပိုင်းမှာ  ဘာကိစ္စမှ ထပ်ပြီးပြောပြမှာ မဟုတ်ကြောင်း၊ နိုင်ငံအသင်းအတွက် အရေးပါတဲ့အချိန်မှာ အနာဂတ်ကိစ္စအပေါ် ဆွေးနွေးပြောဆိုချင်စိတ် မရှိကြောင်း အမ်ဘာပေက ပြောပါတယ်။

သူဟာ ပီအက်စ်ဂျီနဲ့ မနှစ်တုန်းက ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။ 

အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ နှစ်စဉ်နှစ်တိုင်း သတင်းထွက်ပေါ်ခဲ့သူ ဖြစ်ပေမဲ့ လက်ရှိအချိန်အထိ အပြောင်းအရွှေ့ မဖြစ်မြောက်သေးတာ ဖြစ်ပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013