DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့ထဲ လက်နက်ကြီးကျ နေအိမ်များ ပျက်စီး 
DVB
·
November 21, 2023
နမ့်ခမ်းမြို့ထဲ လက်နက်ကြီးကျ နေအိမ်များ ပျက်စီး 
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ထဲမှာ  နိုဝင်ဘာ ၂၀ ရက်က စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်ပြီး  စစ်တပ်က လေယာဉ်နဲ့ လာပစ်ကူတဲ့အတွက် မြို့ထဲ လက်နက်ကြီးကျကာ နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

နမ့်ခမ်းမြို့ အနောက်တောင်ဘက် သာယာကုန်းနဲ့ လွိုင်ဆာကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေပေမဲ့ စစ်ကောင်စီရဲ့ လေယာဉ်ပေါ်က ပစ်ချတဲ့ လက်နက်ကြီးဟာ နမ့်ခမ်းမြို့ပေါ်ရှိ စာရေးတန်းရပ်ကွက်ထဲကို ကျလာတာလို့  ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ကျမတို့တော့ စစ်ဘေးရှောင်နေရလို့ အပျက်အစီးစာရင်း အသေးစိတ် မသိရပါဘူးရှင့်၊ မနေ့ကတော့ တိုက်ပွဲတော်တော်ပြင်းထန်တယ်။ မနက် ၁၀ နာရီကျော်ကတည်းက ပစ်ခတ်သံတွေ ကြားတာ။ စစ်တပ်က လေယာဉ်နဲ့ လာပစ်တော့ စာရေးတန်းရပ်ကွက်ထဲက နေအိမ် ၃ လုံးနဲ့ ကား ၁ စီး ထိခိုက်ပျက်စီးတယ်။ ကျန်တဲ့ဘေးအိမ်တွေကတော့ နည်းနည်းစီ ထိခိုက်ပျက်စီးတယ်။ လူတွေတော့ ဘာမှမဖြစ်ဘူး။ ပြီးတော့ ဟိုကတ်ရပ်ကွက်ထဲက အထက ၁ ကျောင်းဆောင်တွေလည်း ထိတယ်။ ပြတင်းပေါက်မှန်တွေ ကွဲကုန်တယ်လို့ သိရတယ်”

တိုက်ပွဲဖြစ်တဲ့နေရာဟာ နမ့်ခမ်းမြို့နဲ့ ၁ မိုင်လောက်သာကွာဝေးတဲ့ မြို့ပြင်ဆင်ခြေဖုံးရပ်မှာရှိပြီး အဲဒီမှာ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းရှိကြောင်း၊ TNLA တပ်ဖွဲ့ဝင်တွေဟာ အဲဒီစခန်းသစ်ကုန်းပေါ်က စစ်ကောင်စီစခန်းကို ဝင်သိမ်းနိုင်ဖို့ ပြီးခဲ့တဲ့အပတ်ကတည်းက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အဆိပ်ငွေ့ပါ ဓာတုလက်နက်သုံးလို့ TNLA တပ်ဖွဲ့ဝင်တချို့ မူးဝေမောပန်းတာ၊ အသက်ရှူမြန်တာ၊ အောက်စီဂျင်ကျတာတွေရှိလို့ ဆေးဝါးကုသနေရတယ်လို့ ဆိုပါတယ်။ 

ဒီက​နေ့တော့ မ​နေ့က​လောက် တိုက်ပွဲမပြင်းထန်ပေမယ့် တချက်တချက် ပစ်ခတ်သံတွေတော့ ကြားနေရတုန်းပဲလို့ နမ့်ခမ်းဒေသခံက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013