DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းကို ဒေါ်လာ သန်း ၁၀၀ ဖိုး စစ်ရေးအကူအညီ အမေရိကန် ထပ်ပေးမည် 
DVB
·
November 21, 2023
ယူကရိန်းကို ဒေါ်လာ သန်း ၁၀၀ ဖိုး စစ်ရေးအကူအညီ အမေရိကန် ထပ်ပေးမည် 
Donate to DVB

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်ဟာ ယူကရိန်းနိုင်ငံဆီ နိုဝင်ဘာ ၂၀ ရက်က ရုတ်တရက် ရောက်လာပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖိုး စစ်ရေးအကူအညီတွေ ထပ် ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

အရေးကြီးတဲ့ အမေရိကန်ရဲ့ အကူအညီတွေ ရေရှည်တည်တံ့ရေးအတွက် စိုးရိမ်မှုတွေ ကြီးထွား လာနေချိန်မှာ ယူကရိန်း အရာရှိတွေကို အမေရိကန်က ရေရှည် ထောက်ပံ့ဖို့ အာမခံချက် ပေးတယ်လို့ ကြေညာခဲ့တာပါ။

ယူကရိန်းအရာရှိတွေနဲ့ တရက်ကြာ တွေ့ဆုံပြီးတဲ့နောက် ထောက်ပံ့ရေးအစီအစဉ်ကို အော်စတင်က ကြေညာခဲ့ပြီး အကူအညီတွေထဲမှာ တင့်ကားဖျက် လက်နက်တွေနဲ့ လေကြောင်းရန် ကာကွယ်ရေး ကြားဖြတ်တပ်တွေ ပါဝင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ကျူးကျော်ဝင်ရောက်လာချိန်က စပြီး ယူကရိန်းကို လုံခြုံရေး အကူအညီ ဒေါ်လာ ၄၄  ဘီလီယံကျော်ကို အမေရိကန်က ထောက်ပံ့ပေးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်မယ့် ယူကရိန်းလွှတ်တော်မှာ ယူကရိန်းအတွက် ထောက်ပံ့ကူညီမှုတွေနဲ့ ပတ်သက်ပြီး သဘောထားကွဲ လွဲတာတွေ တိုးလာနေချိန်မှာ အော်စတင်ရဲ့ ခရီးစဉ်ဟာ ထူးခြားပါတယ်။

အမေရိကန် လွှတ်တော်အမတ် တချို့က အစ္စရေးကို ထောက်ပံ့ ကူညီဖို့ ဦးစားပေး လုပ်ဆောင် နေပေမဲ့ အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတွေက မဟာမိတ် နှစ်ဦးစလုံးကို တပြိုင်နက် ထောက်ခံတဲ့အကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013