
ယူကရိန်း အလွတ်ဒိုင်ဗင်မယ် ဆာဒါစကာဟာ နိုဝင်ဘာ ၁၁ ရက်က ၂၉၅ ပေအထိ အလွတ်ရေငုပ်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။
ဒိုမီနီကာမှာ ကျင်းပတဲ့ Blue Element ပြိုင်ပွဲမှာ အသက်ရှူကိရိယာတွေ၊ ခြေထောက်ရေယက်တွေ မပါဘဲ အလွတ် ရေငုပ်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲဟာ အသက်ရှူကိရိယာတွေ၊ ရေကူးရာမှာ အထောက်အကူဖြစ်စေတဲ့ ဘုတ်ပြားနဲ့ ရေယက်တွေကို ပိတ်ပင်လေ့ရှိတဲ့ တင်းကျပ်တဲ့ပြိုင်ပွဲအဖြစ် ထင်ရှားပါတယ်။ ဆာဒါစကာဟာ ရေငုပ်ချိန် ၃ မိနစ် ၃၃ စက္ကန့်ကြာခဲ့ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆာဒါစကာဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံအဖြစ် ၄ နှစ်ကြာ လွှမ်းမိုးနိုင်ခဲ့သူဖြစ်ကာ ကမ္ဘာ့စံချိန် ၁၀ ခုအထိ တင်ထားနိုင်သူပဲ ဖြစ်ပါတယ်။
“၂၉၅ ပေအထိ ငုပ်နိုင်ခဲ့တာက အရမ်းကောင်းပါတယ်။ ဒီလို ရေနက်ထဲကို ငုပ်နိုင်ဖို့ လေ့ကျင့်ခဲ့ရပါတယ်” လို့ ဆာဒါစကာက ပြောပါတယ်။
ကမ္ဘာ့ရေငုပ်စံချိန် တင်နိုင်ခဲ့တာက လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့ ယူကရိန်းနိုင်ငံအတွက် ရည်ရွယ်တယ်လို့ ဆာဒါစကာက ပြောပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ဆာဒါစကာဟာ အလွတ်ိဒုင်ဗင်မယ်အဖြစ် မဆောင်ရွက်ခင် အိုလံပစ် ပြိုင်ပွဲတွေမှာ ရေကူးအလှပြကစားသမားအဖြစ် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။
လက်ရှိအချိန် ယူကရိန်းမှာ တိုက်ပွဲတွေ ဖြစ်နေလို့ ဆာဒါစကာဟာ အီဂျစ်နိုင်ငံမှာ လေ့ကျင့်နေပါတယ်။
Source: Reuters











