DVB Logo
Home
အားကစား
ကာတာကမ္ဘာ့ဖလားတွင် မက်ဆီဝတ်ဆင်ခဲ့သည့် ဂျာစီအင်္ကျီ ၆ ထည် လေလံတင်မည်
DVB
·
November 21, 2023
ကာတာကမ္ဘာ့ဖလားတွင် မက်ဆီဝတ်ဆင်ခဲ့သည့် ဂျာစီအင်္ကျီ ၆ ထည် လေလံတင်မည်
Donate to DVB

၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း အောင်ပွဲရခဲ့စဉ်အတွင်း အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီအင်္ကျီ ၆ ထည်ဟာ ဒီလနှောင်းပိုင်း ပြုလုပ်မယ့် လေလံဆွဲပွဲမှာ တန်ဖိုးအရှိဆုံး အားကစား အမှတ်တရ စုစည်းမှုတွေ ဖြစ်လာဖွယ်ရှိတယ်လို့ Sotheby လေလံလုပ်ငန်းက ပြောပါတယ်။

ကာတာကမ္ဘာ့ဖလားမှာ မက်ဆီက ပွဲစဉ် ၇ ပွဲကစားခဲ့ပြီး ၆ ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ အင်္ကျီ ၆ ထည်ကို လေလံတင် ရောင်းချဖို့ရှိနေတာဖြစ်ပြီး သြစတြေးလျနဲ့ရူံးထွက်ပွဲစဉ်က အင်္ကျီကတော့ ပြိုင်ဘက်ကစားသမားကို ပေးခဲ့တာကြောင့် လေလံပွဲမှာ မပါဝင်ခဲ့ပါဘူး။

လေလံတင်မယ့်အထဲမှာ နောက်ဆုံးဗိုလ်လုပွဲ ပထမပိုင်းအတွင်း မက်ဆီဝတ်ဆင်ကစားခဲ့တဲ့ အင်္ကျီလည်း ပါဝင်ပါတယ်။ အဖြူနဲ့ အပြာနုရောင် အာဂျင်တီးနားနိုင်ငံလက်ရွေးစင်အသင်း ကိုယ်စားပြုဂျာစီအင်္ကျီအတွက် လေလံဆွဲပွဲကို နိုဝင်ဘာလ ၃၀ ရက်ကနေ ဒီဇင်ဘာလ ၁၄ ရက်အထိ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာပြုလုပ်မှာဖြစ်ပြီး စံချိန်တင်လေလံကြေးရရှိဖို့ မျှော်လင့်ထားပါတယ်။

"ထူးထူးခြားခြားစုဆောင်းမှုမှာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁၀ သန်းကျော်ရှိပြီး လေလံပွဲမှာ တန်ဖိုးအရှိဆုံး အားကစားအမှတ်တရ စုဆောင်းမှု ဖြစ်လာဖို့ အလားအလာရှိပါတယ်"လို့ Sotheby's က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လေလံကရရှိတဲ့ ငွေတွေထဲက တစ်စိတ်တစ်ပိုင်းကို ရှားပါးရောဂါခံစားနေရတဲ့ ကလေးသူငယ်တွေအတွက်  လှူဒါန်းသွားဖို့ရှိပြီး   လီယိုမက်ဆီဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ SJD ဘာစီလိုနာကလေးဆေးရုံက ဦးဆောင်တဲ့  UNICAS ပရောဂျက်ကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဘောလုံးသမိုင်းမှာ ဂျာစီအင်္ကျီကနေ လေလံတင်ကြေးအများဆုံးရရှိခဲ့တာက ကမ္ဘာ့ဖလားမှာ မာရာဒိုနာဝတ်ဆင်ခဲ့တဲ့ နာမည်ကျော် အင်္ကျီဖြစ်ပြီး ပေါင် ၇ ဒသမ ၁သန်းရရှိပါတယ်။ မက်ဆီရဲ့ အင်္ကျီ ၆ ထည်လေလံတင်ကြေးအနေနဲ့ ပေါင် ၈ သန်း အနည်းဆုံးရရှိဖို့ စီစဉ်သူက  မျှော်မှန်းထားပါတယ်။

၁၉၉၈ ခုနှစ်တုန်းက NBA ဘတ်စ်ကတ်ဘောပြိုင်ပွဲဗိုလ်လုပွဲမှာဝတ်ခဲ့တဲ့ မိုက်ကယ်ဂျော်ဒန်ရဲ့ ဂျာစီဟာ အားကစားအမှတ်တရပစ္စည်းအတွက် ပေးချေမှု အမြင့်ဆုံးဈေးနဲ့ စံချိန်တင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ကန်ဒေါ်လာ ၁၀ ဒသမ ၁ သန်း ရရှိခဲ့ပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013