DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် အရက်ဝိုင်းဖွဲ့နေသည့် စစ်ကောင်စီတပ်သား ၁၀ ဦး တိုက်ခိုက်ခံရပြီး သေဆုံး
DVB
·
November 20, 2023
ထားဝယ်တွင် အရက်ဝိုင်းဖွဲ့နေသည့် စစ်ကောင်စီတပ်သား ၁၀ ဦး တိုက်ခိုက်ခံရပြီး သေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာ။ ရှင်ဓာတ်ဝဲဘုရားအနီးမှာ  အရက်ဝိုင်းဖွဲ့ သောက်စားမူးယစ်နေတဲ့ စစ်ကောင်စီတပ် အလစ်ဝင်ရောက်တိုက်ခိုက်ခံရလို့ ၁၀ ဦး သေဆုံးခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့လယ်မှာ အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ကို Dawei Guerrilla Revolutionary Force-DGRF ကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကနဦး ၆ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၄ ဦးထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။

DGRF ရဲ့တာဝန်ရှိသူက ''ရှင်ဓာတ်ဝဲဘုရားအနီးမှာ ဘာကြောင့်ရှိနေတာလဲ၊ ကျနော်တို့ နားမလည်ပါဘူး။ အထဲမှာ၊ လူသွားလူလာလည်းမရှိဘူး၊ အခုက ဘာကိစ္စနဲ့ လာတယ်ဆိုတာ နားမလည်ဘူး။ ၁၉ ရက်နေ့ မနက်ပိုင်း ထားဝယ်ဂိတ်ကနေပြီး ကားတစီးနဲ့ လာချသွားတာ ။ အင်အား ၃၀ ဝန်းကျင်လောက်ရှိပါတယ် '' လို့ ပြောပါတယ်။

DGRF အနေနဲ့ ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်ထိပ် ရေး-ထားဝယ်ကားလမ်းပေါ်မှာ ပြည်သူတွေကိုစစ်ဆေးနေတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ  ပစ်ခတ်ခဲ့လို့ ယာဥ်ထိန်းရဲ ၂ ဦးနဲ့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပါသေးတယ်။

တိုက်ပွဲဖော်ဆောင်တာတွေမှာ လက်လုပ်သေနတ်တွေက ခုချိန်က အသုံးမတည့်တော့ဘဲ ကျည်တွေ လိုအပ်ချက်ရှိနေတဲ့ အခက်ခဲတွေနဲ့  ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013