DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၃ ဦး ဖယ်ခုံ PDF ထံ အလင်းဝင်၊ ခင်ဦး၌ ပြည်သူ့ရင်ခွင်ခိုလှုံ တပ်သား ၁ ဦးကို  ဂုဏ်ပြုငွေချီးမြှင့်
DVB
·
November 20, 2023
စစ်ကောင်စီတပ်သား ၃ ဦး ဖယ်ခုံ PDF ထံ အလင်းဝင်၊ ခင်ဦး၌ ပြည်သူ့ရင်ခွင်ခိုလှုံ တပ်သား ၁ ဦးကို  ဂုဏ်ပြုငွေချီးမြှင့်
1 / 3
Donate to DVB

ကရင်နီ(ကယား) ပြည်နယ် လွိုင်ကော်မြို့အခြေစိုက် ခမရ-၅၃၀ တပ်မှ စစ်ကောင်စီတပ်သား ၃ ဦး ဖယ်ခုံ PDF-၂ (B-၁၀၀၆) ထံ အလင်းဝင်ရောက်လာတယ်လို့ ဖယ်ခုံ PDF အဖွဲ့ထံက သိရပါတယ်။

အလင်းဝင်လာတဲ့ တပ်သားအဆင့် စစ်ကောင်စီတပ်သား ရဲဘော် ၃ ဦးဟာ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ်မှာ ဖယ်ခုံ PDF အဖွဲ့ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဆင်နွှဲနေတဲ့ လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ဖယ်ခုံ-မိုးဗြဲတကြော မြို့သိမ်းတိုက်ပွဲများမှာ အသက်မသေလိုတဲ့ အတွက် စစ်ကောင်စီတပ်သားတွေက ပြည်သူဘက် ကူးပြောင်းအလင်းဝင်လာခြင်း ဖြစ်တယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးမှာ MA-1 သေနတ် ၂ လက်၊ MA-4 သေနတ် ၁ လက်၊ ဆက်စပ်ပစ္စည်း ကျည်အချို့နဲ့ လက်ပစ်ဗုံးတွေ ပါလာတဲ့အတွက် ဆုငွေပေးအပ်ထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့လည်း ပြောပါတယ်။

 ဖယ်ခုံ PDF ပြန်ကြားရေးတာဝန်ခံက “အခုထိတော့ သူတို့ကို တပ်ရင်းမှာ ကောင်းကောင်းမွန်မွန် ထားပေးပါတယ်၊ နောင်အခါများမှာတော့ သူတို့ စိတ်ဆန္ဒရှိတဲ့အတိုင်း သူတို့အပေါ်ပဲ မူတည်ပါတယ်၊ ကျနော်တို့ တပ်ရင်းက စကစ စစ်သားတွေ ပြေးလာချင်အောင် လွတ်လွတ်လပ်လပ် ထားပေးပါတယ်။ သူတို့အတွက် လူ့အခွင့်ရေး အသက်အန္တရာယ် မဖြစ်အောင် လုံးဝအာမခံထားပါတယ်” လို့ ပြောပါတယ်။

အလင်းဝင်လိုတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တပ်ရင်းနယ်မြေ ထဲကို ကိုယ်လွတ်ရုန်းထွက် ဝင်လာမယ်ဆိုရင် အသက်အန္တရာယ်လူ့အခွင့်ရေးကို အာမခံတဲ့အတွက် စိုးရိမ်စိတ်မထားဘဲ ဝင်လာနိုင်ကြောင်း လမ်းမှာတွေ့တဲ့ ပြည်သူကို PDF တပ်ဖွဲ့တွေဆီ ပို့ပေးဖို့ အကူညီတောင်းခံနိုင်တယ်လို့လည်း ဖယ်ခုံ PDF တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့မှာလည်း  မြို့နယ်ပြည်သူ့ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တပ်သားတယောက်  နိုဝင်ဘာ ၁၄ ရက်မှာ မြို့နယ်ပကဖထံ ချိတ်ဆက်ခဲ့ပြီး လက်နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ မြို့နယ် ပကဖ တာဝန်ရှိသူ တဦးက ပြောပါတယ်။

MA1 အမျိုးအစား လက်နက် ၁ လက်၊ ကျည်ဘောက် ၃ နဲ့ 5.56 ကျည် ၂၃၆ တောင့်နဲ့ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို နိုဝင်ဘာ ၂၀ ရက်မှာ ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ မြို့နယ်ပကဖ တာဝန်ခံမှ ပြောပါတယ်။

အမှတ် (၄) စစ်ဆင်ရေးဌာနချုပ် (ဖူးကြီး)မှာ လုပ်သက် ၁၇ နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်သားဟာ စစ်ကောင်စီက ပြည်သူကို အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက်ကျူးလွန်နေပြီး စစ်ကောင်စီဘက်တွင် ပြည်သူမရှိတော့တာကြောင့် လုံခြုံမှုမရှိတော့ဘဲ အသေခံပေးရမှာကို သိရှိနားလည်လာပြီး  ပြည်သူ့ဘက်ကို ဘက်ပြောင်းရပ်တည်ခဲ့တာလို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ လက်နက်ကိုင် စစ်ကောင်စီတပ်သားကို မြို့နယ်ပကဖနဲ့အတူ မြို့နယ် ပြည်သူ့ရင်ခွင်တာဝန်ခံတို့မှ လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး လုံခြုံတဲ့နယ်မြေမှာ စီစဥ်ပေးထားတယ်လို့လည်း ပြည်သူ့ရင်ခွင်တာဝန်ခံထံမှ သိရပါတယ်။

အောက်တိုဘာ ၁၇ ရက်တွင် ခင်ဦးမြို့ပေါ် ရေဦးလမ်းထွက် ပလီကွေ့အနီးမှာ မြို့နယ်ပကဖမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစတပ်သား ၃ ဦးသေ၊ MA1 နှစ်လက် ရရှိခဲ့ပါတယ်။

အဲဒီအချိန်မှာ အခု အလင်းဝင်ရောက်လာတဲ့ တပ်သားဟာ လက်ဖက်ရည်ဆိုင်မှာ ကွမ်းထုပ်သွားဝယ်နေတာကြောင့် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလထိ ခင်ဦးမြို့နယ်တွင်း အပါအဝင် လက်နက်ကိုင် ရဲနဲ့ စစ်တပ်မှ ခင်ဦးမြို့နယ် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြတဲ့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အလင်းဝင်ရောက်လာသူ အယောက်  ၃၀  ရှိပြီး လစဥ် ထောက်ပံ့ကြေး ကူညီထောက်ပံ့ပေးနေတယ်လို့ ပြည်သူ့ရင်ခွင် တာဝန်ခံက ပြောပါတယ်။

နိုဝင်ဘာလအတွင်းမှာ  ခင်ဦးမြို့နယ်အတွင်း ကျေးရွာတွေမှာ စစ်ကောင်စီ တပ်စွဲထားတဲ့ အထိုင်စခန်း ၆ ခု ရှိတဲ့အနက် စခန်း ၃ ခု စွန့်ခွာထွက်ပြေးသွားကြပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013