DVB Logo
Home
နိုင်ငံတကာ
ဂျပန်နှင့် တောင်ကိုရီယားထံ အမေရိကန်ဒုံးကျည် ရောင်းချမှု မြောက်ကိုရီးယား ရှုတ်ချ
DVB
·
November 20, 2023
ဂျပန်နှင့် တောင်ကိုရီယားထံ အမေရိကန်ဒုံးကျည် ရောင်းချမှု မြောက်ကိုရီးယား ရှုတ်ချ
Donate to DVB

အမေရိကန်ရဲ့ ဒုံးကျည်တွေကို ဂျပန်နဲ့ တောင်ကိုရီးယားဆီ ရောင်းချမယ့် အလားအလာကို မြောက်ကိုရီးယားအစိုးရက နိုဝင်ဘာ ၂၀ ရက်မှာ ရှုတ်ချခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ ဒေသတွင်းတင်းမာမှုတွေကို  မြင့်တက်စေပြီး လက်နက်ပြိုင်ဆိုင်မှု အသစ်ကို ဖြစ်စေတဲ့ အန္တရာယ်ရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။ 

အမေရိကန်နဲ့ သူ့ မဟာမိတ်တွေကြောင့် ဖြစ်လာတဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကို တုံ့ပြန်ဖို့ မြောက်ကိုရီးယားအစိုးရက အစီအမံတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့တယ်လို့လည်း KCNA သတင်းဌာန ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးတည်ဆောက်မှု အစိတ်အပိုင် တခု အဖြစ်  တိုမာဟော့ခ် ဒုံးကျည်အစင်း ၄၀၀ ကို အမေရိကန်ဆီကနေ ဝယ်ဖို့ စီစဉ်နေတာပါ။

အမေရိကန်က ဆိုဒ်ဝိုင်ဒါ  ဒုံးကျည်တွေနဲ့ Standard Missile 6 Block Is ကို တောင်ကိုးရီးယားဆီ ရောင်းမယ်လို့ မကြာသေးမီက ကြေညာခဲ့ပါတယ်။ 

မြောက်ကိုရီးယားက သူလျှိုဂြိုလ်တုကို ပစ်လွှတ်ဖို့ ပြင်ဆင်နေချိန်မှာ အခုလို ကြေညာချက် ထွက်လာတာပါ။

မြောက်ကိုရီးယားရဲ့ တရားမ၀င်လုပ်ဆောင်ချက်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ရှုတ်ချနေတဲ့ အဖြစ်မှန်ကို ရင်ဆိုင်ဖို့ တောင်ကိုရီးယား စစ်တပ်က မြောက်ကိုရီးယားကို တနင်္လာနေ့ က  သတိပေးခဲ့ပါတယ်။

စစ်ထောက်လှမ်းရေးဂြိုလ်တုလွှတ်တင်မယ့် မြောက်ကိုရီးယားရဲ့ အစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်းဖို့ ကိုလည်း တောင်ကိုရီးယားစစ်တပ်က သတိပေးခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013