DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်မှနှင်ထုတ်ခံ အာဖဂန်နိုင်ငံသားများ ပြင်းထန်သည့် ရာသီဥတုအအေးဒဏ် ခံစားနေရ
DVB
·
November 20, 2023
ပါကစ္စတန်မှနှင်ထုတ်ခံ အာဖဂန်နိုင်ငံသားများ ပြင်းထန်သည့် ရာသီဥတုအအေးဒဏ် ခံစားနေရ
Donate to DVB

ဆောင်းရာသီ စတင်ဝင်ရောက်လာပြီဖြစ်လို့ ပါကစ္စတန်နိုင်ငံထဲကနေ နှင်ထုတ်ခံရတဲ့ ထောင်ချီတဲ့ အာဖဂန်နိုင်ငံသားတွေဟာ အစွန်းရောက် ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့ တာလီဘန် ယာယီစီးပွားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဆောင်းရာသီနဲ့ အချမ်းဒဏ်၊ စားနပ် ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေး ကိစ္စတွေအပါအဝင် ပြဿနာ အများအပြား ရှိနေတယ်ဆိုတာ သေချာပါတယ်လို့ တာလီဘန် ယာယီ စီးပွားရေးဝန်ကြီး ဟာဂျီ နူးရဒ်ဒင် အာဇီဇီက ရိုက်တာ သတင်းဌာနကို နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

ပါကစ္စတန်ကို တိုက်ခိုက်ဖို့ အာဖဂန်နိုင်ငံကို အသုံးချနေတဲ့ စစ်သွေးကြွတွေကို အရေးယူဖို့ တာလီဘန် ဦးဆောင်တဲ့ အုပ်ချုပ်သူတွေက မလိုလားတဲ့အတွက် တုန့်ပြန်တဲ့ အနေနဲ့ အထောက်အထားမဲ့ အာဖဂန်နိုင်ငံသား ရာထောင်ချီကို နှင်ထုတ်ဖို့ လုပ်ခဲ့တာလို့ ပါကစ္စတန် အစိုးရက ဒီလ အစောပိုင်းမှာ ပြောပါတယ်။

စစ်သွေးကြွ ပြဿနာဟာ ပါကစ္စတန်ရဲ့ ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ တာလီဘန် အရာရှိတွေက ပြောပြီး အာဖဂန်နိုင်ငံသားတွေကို ပြန်ပို့တာ ရပ်ဖို့ ပါကစ္စတန် အစိုးရကို တောင်းဆို ထားပါတယ်။

အာဖဂန်ကို ပြန်လာတဲ့ အာဖဂန်နိုင်ငံသားတွေကတော့ ပါကစ္စတန်ကနေ အာဖဂန်ဆီ သူတို့ရဲ့ ပိုင်ဆိုင်မှုနဲ့ ငွေသားတွေ ပြန်လွှဲပြောင်းရာမှာ ကန့်သတ်ခံရတယ်လို့ ပြောပါတယ်။

အာဖဂန်နိုင်ငံသား အများအပြားဟာ ပါကစ္စတန်နိုင်ငံအတွင်း နေထိုင်တဲ့ ဆယ်စုနှစ်တွေအတွင်း စီးပွားရေးနဲ့ အိမ်တွေ တည်ဆောက်ထားခဲ့ကြတာပါ။

ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးသင့်ပြီး. အရေးကြီးတဲ့ ကိစ္စအတွက် အဖြေရှာတွေ့သင့်တယ်လို့ တာလီဘန်ဝန်ကြီးက ပြောပါတယ်။ 

ပါကစ္စတန်ကနေ ပြန်ရောက်လာတဲ့ အာဖဂန်ဒုက္ခသည်တွေဟာ ပြင်းထန်တဲ့ ဆောင်းရာသီကို ရင်ဆိုင်နေရလို့ သူတို့ရှင်သန်ရေးအတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်တယ်လို့ အာဖဂန်နစ္စတန် နိုင်ငံထဲက နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) က ပြောပါတယ်။

ပါကစ္စတန် နိုင်ငံထဲမှာ ဆယ်စုနှစ်ချီ နေခဲ့ကြတဲ့ အာဖဂန် နိုင်ငံသား ထောင်သောင်းချီဟာ ခုတော့ ပါကစ္စတန်ကနေ စွန့်ခွာ ရပြီး အာဏာပိုင် တွေက နောက်ထပ် လူ အများအပြားကို စီးနင်း ရှာဖွေ နေတယ်လို့ ရိုက်တာသတင်းဌာနက နိုဝင်ဘာ ၂၀ရက်မှာ ဖော်ပြပါတယ်။.

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013